Saturday 24 November 2012

လတန်ဆောင်မုန်းအလှတွေဖုန်း

ရေသလ္လာပြင်ဝယ်၊
ရွှေကြာနွယ်ပန်း
သွယ်တန်းစီစီ၊
ဖူးလွှာပွင့်ပွင့်
အလှတင့်တင့်၊
ပွင့်လန်းနေရှာ
သဒ္ဒါဆွတ်ဆွတ်၊
တာရာညွတ်၍
စန္ဒာလမင်း၊
ထိန်ထိန်ဝင်းဝင်း
ထွန်းလင်းနေရှာ
ရွှေလသာသာ၊
ငြိမ့်ညောင်းသာယာ
သာယာလက်ခတ်
စဉ်ရက်ကန်းသံ
နားဝသံချို
၊တေးသံပုံနှယ်
ဖန်စွတ်ရည်စိုး၊
မြတ်သင်္ကန်းကို
ရွှင်ပြုံးပီတိ၊
ခိုတွဲသဒ္ဒါ
ကြည်လင်စွာရယ်၊
သာယာမနော
ပီတိဇောနှင့်၊
နိဗ္ဗာန်ရည်မျှော်
မြတ်ဘုရားကို၊
ပူဇော်ရန်တွက်
ယက်လုပ်လေသည်


ဆီးမီးမြိုင်မြိုင်၊
ပန်းတွေလှိုင်လှိုင်
ကထိန်သင်္ကန်း၊
လက်ဝယ်ကိုင်ဆောင်
ကျောင်းတော်ရာသို့၊
ကောင်းမှူ့ပြုရန်
တူစုံမောင်မယ်၊
ခြေလှမ်းငယ်ဖြင့်
လှမ်းသွားလေသည်


မြတ်ဘုရားရှေ့၊
ရွှေလက်စုံကို
ကြာငုံပမာ၊
ထိပ်ဝယ်ဦးတင်
ဝပ်တွားခေါ်ရော်၊
ထိခြင်းငါးဖြာ
ဦးခိုက်ခါရယ်၊
လက်ဝယ်သင်္ကန်း
မြတ်ဘုရားထံ၊
ဆည်းကပ်ပူဇော်
ပြည်နိဗ္ဗာန်လမ်း၊
တက်လှမ်းသွားရန်
အုတ်မြစ်လှေကား၊
ဖြစ်စေသားဟု
ဒါနတံခွန်၊
စိုက်ထူလွှင့်သည်

No comments:

Post a Comment