Sunday 25 November 2012

သက်တမ်း ရှည်စေမည့် နှလုံး၊ ဦးနှောက်နှင့် အရိုးအတွက် သဘာဝ အစားအစာ

by nang kha yea on 24.11.2012.

နှလုံးကျန်းမာရေးအတွက် အစာ

၁။ အခွံမာသီး
အခွံမာသီးမှာ အဆီဓာတ် ပါဝင်မှုများပေမယ့် နှလုံးအကျိုးပြု မပြည့်ဝဆီပါ။ ဒါကြောင့် နှလုံးရောဂါ မဖြစ်အောင် အကာအကွယ် ပေးနိုင်တဲ့ အခွံမာသီး များများစားပေးဖို့ လိုပါတယ်။

၂။ အညိုရောင် ချောကလက်
ဆန်းဘလပ်စ်ကျွန်းမှာ နေထိုင်သူတွေဟာ သွေးတိုးရောဂါနဲ့ နှလုံးရောဂါဖြစ်နှုန်း နည်းပါးရတာဟာ ချောကလက်စားသုံးမှု များတာ ကြောင့်လို့ သုတေသီတွေက ယူဆကြပါတယ်။ အညိုရင့်ရောင် ချောကလက်မှာ ပါဝင်တဲ့ ပိုလီဖီနောဓာတ်ဟာ သွေးဖိအားကျစေပြီး နှလုံးကျန်းမာစေပါတယ်။

၃။ ကောက်နှံတစ်ခုလုံးနှင့် ပြုလုပ်ထားသောအစာ
ကယ်လိုရီပါဝင်မှုနည်းပြီး အာဟာရတန်ဖိုးများစွာ ပါဝင်တဲ့ ဆန်လုံးညို၊ ခေါက်ဆွဲညို၊ အညိုရောင် ပေါင်မုန့်နဲ့ ဘာလီစတာတွေဟာ ရောဂါကိုလည်း တိုက်ခိုက်ပေးနိုင်ပါတယ်။ ကောက်နှံတစ်ခုလုံးနဲ့ အသီးအနှံများများ စားသုံးသူတွေဟာ အသားနဲ့ အဆီများ အစားအစာ စားသူတွေနဲ့ယှဉ်ရင် နှလုံးရောဂါ အန္တရာယ်ကို ထက်ဝက်ခန့် လျော့ကျ နိုင်ကြောင်း တက်ဆက် ကျန်းမာရေးတက္ကသိုလ်က ဆိုပါတယ်။

၎။ ဟင်းသီးဟင်းရွက်နှင့် သစ်သီးများ
အပင်ထွက် အစားအစာတွေဟာ အမျှင်ဓာတ်နဲ့ ဗီတာမင်၊ သတ္တုဓာတ် ပါဝင်မှုများပါတယ်။ ကယ်လိုရီပါဝင်မှုနည်းတဲ့အတွက် ကိုယ်အလေးချိန်တက်မှာလည်း ပူစရာမလိုတော့ဘူး။ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေဟာ နှလုံးသွေးကြောတွေကို ကျန်းမာစေပါတယ်။

ဦးနှောက် ကျန်းမာရေးအတွက် အစာ

၁။ ငါး
အိုမီဂါသရီး ဖက်တီးအက်စစ် ပါဝင်မှုများတဲ့ ငါးနဲ့ အခွံမာ ပင်လယ်စာတွေဟာ နှလုံးခုန်နှုန်း ပုံမမှန်ဖြစ်မှုနဲ့ နှလုံးရောဂါတို့ကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ငါးအဆီမှာ ပါဝင်တဲ့ DHA နဲ့ EPA ဟာ အသက်ကြီးချိန်မှာ မှတ်ဥာဏ်ဆုံးရှုံးမှုနဲ့ စိတ်ဓာတ်ကျခြင်း မဖြစ်အောင် ကာကွယ်ပေးပါတယ်။

၂။ ဆားနည်းသော အစာ
ဆားနည်းတဲ့အစာဟာ သွေးဖိအား ကျစေတဲ့အတွက် သွေးဖိအားပုံမှန်ရှိတာဟာ ဦးနှောက်ဆဲလ်တွေ မပျက်စီးအောင် ကာကွယ်ပေးပါတယ်။ ဒါကြောင့် ဆားနည်းတဲ့ အစာတွေစားရင် အသက်အရွယ်နဲ့ ဆက်စပ်နေတဲ့ မှတ်ဥာဏ်ဆုံးရှုံးမှုနဲ့ ကြောင်းကျိုး ဆင်ခြင်နိုင်စွမ်းအားနည်းခြင်းတွေကို လျော့နည်းစေပါတယ်။

၃။ စပျစ်သီး
စပျစ်သီး၊ ဘလူးဘယ်ရီသီးတွေလို ဓာတ်တိုးဆန့်ကျင် ပစ္စည်းပါဝင်မှုများတဲ့ အစားအစာ တွေဟာ အသက်ကြီးလာတာကြောင့် ဦးနှောက်ထဲမှာ အပြောင်းအလဲဖြစ်ခြင်း လျော့ပါး စေပြီး မှတ်ဥာဏ်ကောင်းမွန်နေစေပါတယ်။

အရိုးကျန်းမာရေးအတွက် အစာ

၁။ အဆီနည်းနို့နှင့် နို့ထွက်ပစ္စည်း
ခန္ဓာကိုယ်ကနေ ကယ်လစီယမ် စုပ်ယူဖို့ ဗီတာမင်ဒီ လိုအပ်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ် ထဲမှာ အသားဓာတ် အလုံအလောက် ရှိတာဟာလည်း အရိုးတွေ သန်မာစေဖို့အတွက် အရေးကြီးပါတယ်။ အရိုးအတွက် အရေးပါတဲ့ အဲဒီဓာတ်တွေရအောင် နွားနို့၊ ပဲနို့၊ ဒိန်ချဉ် စတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို များများသောက်ပေးပါ။

၂။ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ
ရွက်လိပ်မုန်ညင်း၊ ဟင်းနုနယ်ရွက်နဲ့ ပန်းဂေါ်ဖီစိမ်းတွေမှာ ကယ်လစီယမ်ဓာတ် ပေါကြွယ်ဝစွာ ပါဝင်ပါတယ်။

၃။ တိုဟူး
ကယ်လ်စီယမ် ဆာလ်ဖိတ် အများအပြား ပါဝင်တဲ့ တိုဟူး (Tofu) စားပေးပါ။
Ref : Good Health

No comments:

Post a Comment