Saturday 3 November 2012

Google ရဲ့ Android 4.2 Jelly Bean တရားဝင် ထွက်ရှိလာပြီ"


နောက်ဆုံးအနေနဲ့  Google မှနေ၍ အသစ်ထုတ်လုပ်ဖြန့်  ချီလိုက်သော Android 4.2 Jelly Bean နဲ့  မိတ်ဆက်ပေးချင်ပါတယ်။ ယခု Android 4.2 တွင် Features အသစ်များ ပါဝင်လာတာကို တွေ့ 
ရပါတယ်။ Android 4.2 ကို Google ရဲ့ ယခု အသစ် ထွက်ရှိလာမည် ဖြစ်သော Nexus Device များမှာ အသုံးပြုထားမှာ ဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့  ယခု Android 4.2 တွင် Swype ပရိသတ်များအတွက် သတင်းကောင်းတစ်ခုအဖြစ် Keyboard အသစ်ထည့်သွင်းပေးထားပြီး စာလုံးများကို လက်ဖြင့်ဆွဲ၍ရိုက်ရသော (Gliding Gesture) များသုံး၍ ရိုက်ကူးနိုင်တော့မှာ ဖြစ်ပါတယ်။ အဲဒါတင် မဟုတ်သေးဘဲ ယခု Keyboard အသစ်တွင် မိမိရိုက်လိုက်သော စာလုံးများပေါ်မူတည်၍ အသုံးများသော စာလုံးများကိုလည်းကြိုတင်၍ ခန့် မှန်းပေးမည် ဖြစ်ပါတယ်။

နောက်ထပ် Feature တစ်ခုအနေနဲ့ ကတော့ ၃၆၀ ဒီဂရီ လှည့်လည်၍ ရိုက်ကူးနိုင်သော Panorama Feature တစ်ခုဖြစ်သော Photo Sphere ပါဝင်လာတာ ဖြစ်ပါတယ်။ ယခု Photo Sphere တွင် အသုံးပြုသူသည် အခြား Panorama App များကဲ့သို့  အလျားလိုက် ဘေးတိုက်ဆွဲ၍ သာမဟုတ်ဘဲ အထက်အောက်ဖြစ်စေ၊ ဘေးတိုက်ဖြစ်စေ၊ ကြိုက်သလို အနေအထားနဲ့  ရိုက်ကူးနိုင်မှာ ဖြစ်တယ်လို့  Google မှပြောကြားထားပါတယ်။

Tablet အသုံးပြုသူများအနေနှင့်လည်း သီးသန့် အပို Feature အသစ်တစ်ခုပါဝင် လာပြီဖြစ်ပြီး Android 4.2 တွင် Multiple User Feature ပါဝင်လာပြီ ဖြစ်ပါတယ်။ အသုံးပြုသူ တစ်ယောက်ချင်းစီ အနေနဲ့  ၎င်းတို့ ရဲ့ ကိုယ်ပိုင် Home Screen, Backgrounds, Widgets, Apps နှင့် အခြားသော အချက်အလက်များ စသည်ဖြင့်ဆိုပြီး သီးသန့်  ရှိနေ မှာဖြစ်ပါတယ်။ Account တစ်ခုနှင့် တစ်ခုသည်လည်း Lock Screen မှပင် အလွယ်တကူ ပြောင်းနိုင်ပါတယ်။ ထို့  ကြောင့် မိမိ Tablet ကိုအိမ်တွင် မိသားစုဝင်များနှင့် အတူသုံးလျှင်ဖြစ်စေ၊ သူငယ်ချင်းများကို မိမိ Tablet ထဲဝင်မကြည့်စေချင်သော အခါမျိုးတွင် ဖြစ်စေ၊ Account အသစ်ဖွင့်ထားပေးပြီး တစ်ယောက်ချင်းစီ သီးသန့်  ရှိနေနိုင်ပြီ ဖြစ်ပါတယ်။ ယခု Feature သည် Windows ကွန်ပြူတာများတွင် User Account များခွဲထားပုံမျိုးနဲ့  ဆင်တူပါတယ်။ Apple iPad တွင် User တစ်ယောက်သာ အသုံးပြု နိုင်တာ ဖြစ်သောကြောင့် ယခု Feature သည် iPad အပေါ်သိသိသာသာ အသာရသော Feature ဖြစ်လာနိုင်ပါတယ်။

Android 4.2 တွင် အကောင်းဆုံး Feature တစ်ခုဟု ဆိုရမည် ဖြစ်သော Feature ကတော့ Miracast ဖြစ်ပြီး အဲဒါကတော့ Air-Play ကဲ့သို့  Protocol မျိုးကို အသုံးပြုထားပြီး အသုံးပြုသူများအနေနှင့် Wireless အသုံးပြု၍ သီချင်းများ နှင့် ဗီဒီယို များကို Mobile Device များမှတစ်ဆင့် TV များစီသို့  Wireless Network မလိုဘဲ Stream လုပ်နိုင်တော့မှာ ဖြစ်ပါတယ်။ ယခု Miracast ကို LG နှင့် Samsung တို့ မှ အားပေးထားသလို ၎င်းတို့ ရဲ့ Device များတွင်လည်း ယခု Technology ကိုထည့်သွင်း အသုံးပြုနေကြပြီ ဖြစ်ပါတယ်။

Android 4.2 တွင် အခြား Features များစွာလည်း ပါဝင်ပါသေးတယ်။ ထို့ အပြင် ပုံမှန်အတိုင်း Bug Fixes များနှင့် အခြား Improvements များလည်း လုပ်ဆောင်ပေးထားကြောင်း Google မှပြောကြားထားပါတယ်။





No comments:

Post a Comment