Thursday 22 November 2012

ဆံပင်အရောင်ကို photoshop ( ps ) နဲပြောင်းည်း

မင်္ဂလာပါခင်ဗျာ..။
ဒီပိုစ့်လေးက အရမ်းပျော်ဖိုကောင်းမှာပါ လုပ်ကြည့်! အဟဲ...
ဒီလိုဗျာ မိမိပုံဘဲဖြစ်ဖြစ် မင်းသမီးပုံဘဲ ဖြစ်ဖြစ် သူတိုရဲ့ ဆံပင်အရောင်လေးတွေ Photoshop (ps) နဲ့  ပြောင်ကြည့်ကြတာပေါ့..။

ကဲ စမယ်ဗျာ..
ပထမ (ps) ကိုဖွင့်လိုက်နော်.....ပြီးလျင် မိမိ အရောင်ပြောင်းချင်တဲ့ သူရဲ့ ပုံကို (ps) ထည့်လိုက်ပေါ့.
နေမင်းကတော့ဒီအောက်က ပုံလေးကို လုပ်ကြည့်မယ်ပေါ့..


ပြီးရင် အောက်က ပုံ (၁) ကိုကြည့်ဗျာ....

မျှား အသေး ပြထားရာ layer ကို အသစ် ထုပ်လိုက်ပါ..။


ပြီးလျင် အောက်က ပုံ(၂) ကိုကြည့်ဗျ..။
brush tools (b) ကို နိတ်လိုက် >>> ပြီးရင် (ps) ရဲ့  အောက်ကအမဲ နဲအဖြူ နှစ်ကွက် က  (  set orground colour  ) ကို အဖြူရောင်ပြောင်းလိုက်ပါ..။





 ပြီးရင် မိမိအပုံရဲ့ ဆံပင်ရှိရာ နေရာလေးတွေကို လိုက်ချယ်လိုက်ပေါ့ဗျာ..။ ပုံ (၃) ကိုကြည့်ပါ..။



အဲလို ချယ်ပြီးသွားပြီးဆိုလျင်... ပုံ(၄) ကလို soft light ကို ရွှေးလိုက်ပါ..။



ပြီးလျင်... ပုံ (၅) ကလို colour box ခေါ်လိုက်ဗျ... ( ctrl + u ) ကို နိတ်

မိမိ နှစ်သက်သလို အရောင်လေးတွေလုပ်နိုင်ပါတယ်..။
ဒီအပုံက အရင်ဆံပင်ပုံက အမဲပါ

အောက်က အပုံ တွေက နေမင်းလုပ်ထားတာလေးတွေပါ...








အားလုံးအဆင်ပြေနိုင်ပါစေခင်ဗျ..။
နေမင်းသူ(သထုံ

No comments:

Post a Comment