Tuesday 4 December 2012

သူရဿတီမယ်တော် ဆိုတာ တကယ်ရှိသလား မရှိဘူးလား ဆိုတာတော့ တိတိကျကျ မသိပါဘူး
သိရသလောက်တော့ သူရဿတီ ဆိုတာ အိန္ဒိယက ဟိန္ဒူ ယဉ်ကျေးမူ့ ဗုဒ္ဓဘာသာ နဲ့ ရောပါလာတာကို
တချို့ မြန်မာတွေက ဗုဒ္ဓဘာသာ ယဉ်ကျေးမူ့ ထင်မှတ်ပြီး ကိုးကွယ်နေကြတယ်လို့ ထင်ပါတယ်
ဟိန္ဒူဗြဟ္မဏဘာသာ မှာ နတ်ဘုရားသုံးဆူ ရှိပါတယ်။
မဟာဗြဟ္မာ၊ ဗိဿနိုး၊ သိဝ လို့ ခေါ်ကြပါတယ်၊
မဟာဗြဟ္မာ က ကမ္ဘာလောက နဲ့ သတ္တ၀ါတွေကို
ဖန်ဆင်းတယ်လို့ ဆိုပါတယ်။
ဗိဿနိုးက လောကကို ထိန်းသိမ်းစောင့် ရှောက်ပါတယ်
သိဝ က ဖျက်ဆီးပါတယ်။
ဖန်ဆင်းရှင် မဟာဗြဟ္မာ ရဲ့ ကြင်ရာတော်က ဆရဆွတီ၊ ပါဠိဘာသာ နဲ့တော့ သရဿတီ
အများခေါ်ကြတာက သူရဿတီ၊
ဗိဿနိုး ရဲ့ ကြင်ယာတော်က လက္ချမီ၊
သိဝ ရဲ့ ကြင်ယာတော်က ပဗ္ဗတီ အဲဒီလို အသီးသီး ရှိကြပါတယ်။

မဟာဗြဟ္မာ ရဲ့ စီးတော်ယာဉ်က ဟံဆ၊ ပါဠိ လို ဟံသ မြန်မာလိုတော့ ဟသာင်္
သူရဿတီ မှာတော့ စိးတော်ယာဉ် ရှိတယ်လို့ မတွေ့မိပါဘူး
သို့သော်လည်း မဟာဗြဟ္မာ မှာ စီးတော်ယာဉ်ရှိနေရင် သူ့ရဲ့ ကြင်ယာတော် သူရဿတီမှာ
ယာဉ်သီခြားရှိဖို့ မလိုတော့ပါဘူး။ ဒါဟာ လောက သဘာဝ ပါပဲ


ဟံသ ဆိုတဲ့ စကားကို အိန္ဒိယ က swan လို့ အင်္ဂလိပ် လို ဘာသာပြန်ကြပါတယ်
swan ကို မြန်မာက ငန်း၊ ငန်းဘဲ လို့ မြန်မာမူ ပြုကြပါတယ်။
ဒီတော့ ပင်ရင်းကျတဲ့ အိန္ဒိယ သားတို့ မယူအဆကို လက်ခံရမယ်ထင်ပါတယ် ပြီးတော့ အိန္ဒိယ က
မဟာဗြဟ္မာ ရုပ်ပုံတွေမှာလဲ စိးတော်ယာဉ်ကို ငန်းဘဲ ရုပ်နဲ့ ပဲ ပြထားပါတယ်။

နောက်သမိုင်းတခု က ဆိုထားပါသေးတယ်
မှန်တယ် မမှန်ဘူး ဆိုတာတော့ သေချာမသိပါဘူး သူရဿတီ ဟာ လင်ကောင်မပေါ်ဘဲ မွေးလာတဲ့
ကောင်မလေးပါ သူ့ကို အမျိုးယုတ်တယ် ဆိုပြီး မြစ်ထဲမှာ သစ်ဖောင်ကလေးပေါ်တင်ပြီး
ငန်းဘဲ တစ်ကောင်နဲ့ အတူ မျှောလိုက်ပါတယ်၊ မြစ်ထဲမှာ မျှောချင်ရာ မျှောနေပြီး တနေ့မှာ
ပုဏ္ဏားတွေ နေတဲ့ ရွာတရွာမှာ သောင်တင်ခဲ့ပါတယ်၊ ထိုနှစ်မှာပဲ အဲဒီရွာလေးမှာ သီနှံ စပါး များ ခါတိုင်း
နှစ်များနှင့် မတူဘဲ အထွက်တိုးပြီး စီးပွါးဖြစ်ခဲ့တဲ့ အချိန်နဲ့ တိုက်ဆိုင်ခဲ့ပါတယ်
အသိညဏ် မဖွံ့ဖြိုးသေးတဲ့ ရွာသားတွေဟာ ဒီကောင်မလေး ရောက်လာလို့ ငါတို့ရွာမှာ
ဆန်ရေစပါး ရတာ သူဟာတန်ခိုးရှင်ပဲ လို့ သတ်မှတ်ပြီး ကိုးကွယ်ကြပါတယ်
နောင်ကြာလာတဲ့ အခါမှာ ပုဏ္ဏားတွေက သူ့ကို ဗေဒင် ဝေဒ သုံးပုံကို စောင့် ရှောက်တဲ့ သူလို့
လုပ်ကြံဖန်တီးပြီး ကိုးကွယ်မူပြုကြပြန်ပါတယ်
လိုရင်းကတော့ အခုပြောခဲ့တဲ သူရဿတီ ဟာ ဗုဒ္ဓဘာသာနဲ့ လုံးဝ မသက်ဆိုင်ဘူးဆိုတာ
စာပေလေ့လာလိုက်စားတဲ့ သူတိုင်းသိကြပါတယ်။


မြန်မာပြည်ထဲမှာထို ဆိုခဲ့တဲ့ သူရဿတီ ဟာ မြန်မာပြည်ထဲကို ဘယ်လိုရောက်လာတယ်
မသိပါဘူး မြန်မာပြည်မှာတော့ ဟင်္သာစီးလျက် တွေ့ရပါတယ်
ရင်နာစရာ ကောင်းတာက သူရဿတီ ဟာ ပိဋကတ် သုံးပုံကို စောင့်ရှောက်
တယ် လို့ ပြောဆိုကြတာပါ သူက ဘယ်လို မို့
ပိဋကတ် သုံးပုံကို စောင့်ရှောက်နိုင်ရမှာလဲ
စောင့်ပဲ စောင့်ရင် သူတိုကျမ်းစာ စောင့်တာပဲ ဖြစ်မှာပါ၊ ဒါကို သိရဲ့သားနဲ့
သာသနာ နဲ့ ပတ်သက်တဲ့ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေက
မရှင်းလင်းကြတာ တော့စိတ်ပျက်စရာပါ တချို့ ဗုဒ္ဓဘာသာ စာအုပ်တွေ
ထဲမှာ သူရဿတီဂါထာ ဆိုပြီး ထိုဂါထာကို ရွတ်ရင် စာမေးပွဲအောင်မယ် အန္တရာယ်ကင်းမယ် စတဲ့ မဟုတ်မမှန်တာတွေပြောထားပြီး
အမွန်းတင်ထားတာတွေလဲ အများကြီးပါ ဒါတွေကို ရှင်းလင်းဖို့တော့
လိုနေပါပြီ
နာမည်အကြီးဆုံး ဘုရားတဆူ ဖြစ်တဲ့ ဗိုလ်တစ်ထောင် ဘုရားမှာ
သူရဿတီ ကို ထည်ထည်ဝါ၀ါ ကို လုပ်ပေးထားတာက
စိတ်မကောင်းစရာပါပဲ ဒါကို မသိဘဲ မြန်မာတွေ က သူ့ကို
ပိဋကတ် သုံးပုံစောင့်ရှောက်တဲ့ သူဆိုပြီး မှားယွင်းစွာနဲ့ ကိုးကွယ်မူ
ပြုကြပါတယ် ဒါကို လုံးဝ မကိုးကွယ်ထိုက်ပါဘူး
ဟိန္ဒူအယူဝါဒ ကို ကိုးကွယ်တဲ့ သူလား ဗုဒ္ဓဘာသာစစ်စစ် ကို ကိုးကွယ်တဲ့သူလားဆိုတာတော့
မြန်မာတွေ မိမိကိုယ်ကို ဆန်းစစ်တတ်ဖို့ လိုပါတယ်

No comments:

Post a Comment