Sunday 9 December 2012

Blue Screen Error တက်ရခြင်းအကြောင်းနှင့်ဖြေရှင်းနည်း


ကျွန်တော်တို့ တစ်ခါတစ်လေမှာ computer အသုံးပြုနေရင် အပြာရောင် screen ကြီးပေါ်လာပြီးဘာမှ ဆက်လုပ်လို့မရတော့တာမျိုး တွေဖူးမှာပါ ။ အဲဒါကို Blue Screen of Death (BSoD) လို့ခေါ်ပါတယ် ။
အဲဒီ (BSoD) ဘာကြောင့်ဖြစ်ရလဲဆိုရင် (တော်တော်များများကတော့ Memory error ကြောင့်လို့ ပြောကျပါတယ်)။ တကယ်တော့ (BSoD) Blue Screen   error ဖြစ်ရတဲ့အကြောင်းအရင်းအများကြီးရှီပါ ။

             အဲဒီ Blue Screen ကြီးရဲ့ဖန်တီးရှင်ကတော့ Microsoft ရဲ့ Window Operating System ပါဘဲ။
 Window Operating System ဟာ System error တွေကရုန်းမထွက်နိုင်တဲ့အခါ System Error တွေကို recover မလုပ်နိုင်တော့တဲ့အခါမျိုးမှာ ပေါ်လာတာဖြစ်ပါတယ် ။ Blue Screen ကို Microsoft Window Version 3.1 တည်းကစတင်ပါဝင်လာပါတယ် ။ Window Vista ရဲံ ကနဦး Versions မှာ Boot Loader Error ကို (RSoD) Red Screen of Death နဲ့ပြပါတယ် ။
             Drive တစ်ခုဟာ Kernal Mode မှာအလုပ်လုပ်နေစဉ် system error တွေကို recover မလုပ်နိုင် တဲ့အချိန်မှာ Blue Screen Error ဖြစ်ပေါ်နိုင်ပါတယ် ။ အဲဒီလို့ဖြစ်ရင် Window ကို Restate လုပ်ပေးခြင်းကကောင်းဆုံးဖြစ်ပါတယ် ။ Blue Screen ပေါ်မှာပြထားတဲ့စာသားတွေက Software Engineer တွေအတွက် error fix လုပ်နိုင်ဖို့ဖေါ်ပြထားတဲ့စာသားတွေပါ ။ eg.(0x0000001E -KMODE -EXCEPTION -NOT-LIANDLED )ဆိုတဲ့စာသားမျိုးတွေပါ ။ အဲဒီစာသားတွေထဲမှာ error ဖြစ်နေတဲ့ Address ကို ဖော်ပြပေးပါတယ် ။အဲဒီမှာerror ဖြစ်နေတဲ့ Driver ကိုပါပြပေးပါတယ် ။
           အများသောအားဖြင့် window တိုင်းဟာ Default အားဖြင့် (BSoD)ဖြစ်တာနဲ့ Memory Dump လုပ်ပါတယ် ။ Memory dump ဆိုတာ Physical Memory ထဲရှီကြောင်းအရာအားလုံးကို Copy ကူးတာပါ ။Operating System version ပေါ်မူတည်ပြီ Dump လုပ်တဲ့ format လည်းအမျိုးမျိုးရှိနိုင်ပါတယ် ။
Dump လုပ်လို့ရလာတဲ့ file ကို  Kernal debugger နဲ့ debugged လုပ်လို့ရပါတယ် ။ဘာဖြစ်လို့လဲဆိုတော့
Blue Screen မှ ပြထားတဲ့စာသားတွေမှာ ကန့်သတ်ချက်ရှိလို့ပါ ။ သူပြတဲ့error နဲ့ တကယ်ဖြစ်နေတဲ့ error နဲ့က ကွဲလွဲနေနိုင်ပါတယ် ။အဲဒီတော့ debugger နဲ့ trace လိုက်ရမှာပါ ။ Debugger ကို Microsoft က နေ free download ရနိုင်ပါတယ်။
          (BSoD) ဟာ Boot Loader error ကြောင့်လည်းဖြစ်နိုင်ပါတယ် ။ အဲဒီလိုအချိန်မှာ Hard drive လည်း အသုံးပြုလို့မရသေးတာကြောင့် Memory Dump လည်းလုပ်လို့မရပါဘူး ။ window CD  နဲ့ Boot တက်ပြီး error fix လုပ်ရမှာဖြစ်ပါတယ် ။
         နောက်ထပ် (BSoD) ဖြစ်ရတဲ့အကြောင်း ကတော့  DLL fileတွေCompatibalမဖြစ်လို့ပါ ။ Application program တွေမှာ DLL file တွေလိုအပ်တဲ့အခါ DLL file တွေကို window က Memory ပေါ်ကို လှမ်းတင်ပါတယ်။ အဲဒီမှာ Application version ပြောင်းထားတာတို့ ။ DLL နှင့် version မတူတာတို့ဆိုရင် လဲ (BSoD) ဖြစ်နိုင်ပါတယ် ။
           ဘယ်windows မှာဘဲဖြစ်ဖြစ် အထက်ပါအကြောင်းများကြောင့် (BSoD) ဖြစ်နိုင်သလိုတစ်ခြားတွေကြောင့်လဲ ဖြစ်နိုင်ပါတယ် ။ Virus ကြောင့်လဲ (BSoD) ဖြစ်နိုင်ပါတယ်။ Memory Compatible မဖြစ်လို့ ဒါမှမဟုတ် Bad Memory တွေကြောင့်လဲ ဖြစ်နိုင်ပါတယ် ။တစ်ခြားအကြောင်းအရာတွေကြောင့်(BSoD) ဖြစ်နိုင်ပါတယ် ။

Blue Screen Error ဖြေရှင်းနည်း

ဒီနည်းကတော့ Blue screen ဖြေရှင်းနည်းတွေထဲက နောက်တစ်နည်း ဖြစ်ပါတယ်။ Blue screen တက်တက်လာလို့ စိတ်ညစ်နေတဲ့ သူငယ်ချင်းများအတွက် အထောက်အကူ ဖြစ်မယ်ထင်လို့ပါ။ Window XP, Vista & 7 တွေအတွက် အကုန်အသုံးပြုလို့ ရနိုင်ပါတယ်။ လက်တွေ့စမ်းသပ်ကြည့်ပြီးလို့ အဆင်ပြေသွားလို့ ဝေမျှလိုက်ပါတယ်။ အဆင်မပြေတာများ ရှိခဲ့ရင်တော့ ကျတော့်ရဲ့ အားနည်းချက်ပဲ ဖြစ်ပါလိမ့်မယ်။ အခု ကျတော်က Windows Vista နဲ့ လုပ်နည်းလေး တင်ပြပေးပါ့မယ်။ အောက်မှာ ဆက်လေ့လာကြည့်လိုက်ပါ။
လုပ်နည်း
1. Start menu >> Computer ကို Right Click ထောက်ပီး Properties ကို ၀င်လိုက်ပါ။

2. ကျလာတဲ့ Box ရဲ့ ဘယ်ဘက်နားလေးက advanced system setting ကို ၀င်လိုက်ပါ။
3. System Properties >> Advanced ထဲမှ အနီဝိုင်းပြထားတဲ့ Setting ကို ၀င်လိုက်ပါ။
4. System and Recovery ထဲမှ အနီရောင် ၀ိုင်းပြထားတဲ့ အောက်မှာရှိတဲ့ Automatically restart ကို အမှန်ခြစ်လေး ဖြုတ်ပေးလိုက်ပါ။ (ပုံမှာကြည့်ပါ)။ ပီးရင် OK ပေးလိုက်ပါ။
ဒါဆိုရင်တော့ ပုံမှန်တက်လာနေကျ Bluescreen ဆိုတာကြီး မတက်လာတော့ပါဘူး။ အားလုံး အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်….:)။
 Credit:http://sithukyaw.mandalaybloggers.org/2011/04/blue-screen-of-death-bsod.html

No comments:

Post a Comment