Wednesday 31 October 2012

ကိုယ်အလေးချိန်လျော့ကျဖို့

ကိုယ်အလေးချိန် လျော့ကျဖို့ ကြိုးစားနေသူတွေအတွက် ထူးခြားပြီး လွယ်ကူတဲ့ နည်းလမ်းတွေကို သုတေသန ပညာရှင်တွေက အခုလို ဖော်ပြထားပါတယ်။

  (၁) ငှက်ပျောသီး၊ ပန်းသီးနှင့် နာနတ်သီးအနံ့ရှူပါ

ဟုတ်ပါ့မလားလို့ ထင်ကောင်းထင်စရာ ရှိပေမယ့် တကယ် အလုပ်ဖြစ်တဲ့ နည်းပါလို့ ချီကာဂိုဖောင်ဒေးရှင်းက ဒေါက်တာအလန်က ဆိုပါတယ်။ လေ့လာမှုအရ စေတနာ့ဝန်ထမ်း သုံးထောင်ခန့်ကို လေ့လာခဲ့ရာ ငှက်ပျောသီး၊ ပန်းသီးနဲ့ နာနတ်သီးအနံ့တွေကို ရှူရှိုက်တဲ့ သူတွေက ဆာလောင်မှုနည်းပြီး ကိုယ်လေးချိန် ပေါင် ၃၀ ခန့် လျော့ကျသွားကြကြောင်း သိရပါတယ်။ ဒီအသီးတွေကို အနံ့ရှူရတာက ဦးနှောက်ဆီကို တကယ်စားနေတယ်လို့ အထင် ရောက်သွားစေပြီး ဗိုက်မဆာတော့ဘဲ ကိုယ်အလေးချိန် လျော့ကျသွားတာ ဖြစ်နိုင်ပါတယ်။

(၂) ထမင်းစားထိုင်ခုံ ရှေ့နံရံမှာ မှန်တစ်ချပ် ချိတ်ဆွဲထားပါ

လေ့လာမှု တစ်ရပ်အရ မှန်ရှေ့မှာ အစာစားတာက သုံးပုံတစ်ပုံနီးပါး လျော့ပြီး စားဖြစ်စေတယ်လို့ သိရပါတယ်။ ထမင်းစားရင်း မှန်ကို မျက်စိအကြည့် ရောက်သွားရာက ကိုယ့်ခန္ဓာကိုယ် ပုံပန်းသဏ္ဌာန်ကို သတိပြုမိပြီး ကိုယ်အလေးချိန် ထိန်းဖို့ အသိဝင်ကာ အစာ လျှော့စားဖြစ်တာပါ။

(၃) အပြာရောင်ဖြင့် ဝန်းရံပါ

အဆင်သင့် စားသောက်ဆိုင်ကြီးတွေမှာ အပြာရောင်ကို ဘယ်တော့မှ ခြယ်သထားလေ့ မရှိတာကို သင်သတိပြုမိမှာပါ။ အပြာရောင်က အစာ စားချင်စိတ်ကို ချိုးနှိမ်ပေးနိုင်ပါတယ်။ အစားအသောက်ကို အပြာရောင် ပန်းကန်ပြားထဲထည့်ပြီး စားတာ၊ အပြာရောင် ဝတ်ပြီးစားတာ၊ ထမင်းစား စားပွဲကို အပြာရောင်စားပွဲခင်း ခင်းတာတွေကို လုပ်ဆောင်ပေးနိုင်ပါတယ်။ ထမင်းစားခန်းမှာ အနီ၊ အဝါနဲ့ လိမ္မော်ရောင်တွေကို ရှောင်ပါ။ လေ့လာမှုတွေအရ ဒီအရောင်တွေက အစာ စားချင်စိတ်ကို အားပေးနိုင်တယ်လို့ ဆိုပါတယ်။

(၄)  သင့်အစားအသောက်ကို ဓာတ်ပုံရိုက်ထားပါ

သင့်အနေနဲ့ အစားအသောက်တွေကို မစားခင်မှာ ဓာတ်ပုံရိုက်ပြီး ကွန်ပျူတာထဲမှာ နေ့ရက်အလိုက် သိမ်းထားပေးပါ။  ဓာတ်ပုံရိုက်တာ၊ ပြန်ကြည့်တာတွေနဲ့ အလုပ်များနေတဲ့အခါ အစာ စားချင်စိတ်က လျော့ကျသွားပါတယ်လို့ အာဟာရပညာရှင် ဂျွန်ဆယ်ဂီးက ဆိုပါတယ်။ လက်ကိုင်ဖုန်းနဲ့လည်း အစားအသောက်ပုံကို ရိုက်လို့ရပါတယ်။

(၅) ခါးကို ဖဲကြိုးချည်ထားပါ

ပြင်သစ်အမျိုးသမီးတွေ လုပ်လေ့ရှိတဲ့ နည်းတစ်ခုပါ။ သူတို့က ညစာစားဖို့ အပြင်မထွက်ခင်မှာ ခါးပတ်လည်မှာ ဖဲကြိုး ချည်ထားလေ့ ရှိပါတယ်။ ဒီလိုလုပ်တာက ဝမ်းဗိုက်ကို သတိထားမိပြီး ဖဲကြိုးက စတင်တင်းလာတာနဲ့ အစာစားတာကို ရပ်သင့်ပြီလို့ သတိပြုမိတာကြောင့်ပါ။

Flash Songs စာမျက်နှာ၁ - မြန်မာအိုင်တီနန်းတော်

Flash Songs စာမျက်နှာ၁ - မြန်မာအိုင်တီနန်းတော်

E SONG ....