Sunday 13 January 2013

free call


Viberစနစ်ကဲ့သို့FreeSMSနဲ့FreeVoiceCallရသည့်အတွက်တယ်လီဖုန်းဘေလ်Bill ချွေတာလိုသူများအနေဖြင့်အသုံးပြုသင့်သည့်
ဆော့ဝဲလ်တစ်ခုရှိကြောင်း အင်တာနက်အသုံးပြုသူများထံက သိရသည်။

 

အဆိုပါ ဆော့ဝဲလ်ကိုAndroidဖုံးများအပြင်iOSDevicesများ၌လည်းအသုံးပြု၍ရနိုင်ကြောင်းနှင့်AppSoftwareအမျိုးအစားဖြစ်၍
 Aire Talk ဟု ခေါ်သည်။

 

“AireAppကိုသွင်းထားရမယ်၊ဒါမှMobileဖုန်းအချင်းချင်းသာဆက်သွယ်ပြောဆိုဝေမျှနိုင်မှာပါ၊AireSoftwareကထွက်တာမကြာ
သေးဘူး၊အဲ့ဒီအတွက်ကိုယ့်သူငယ်ချင်းတွေတောင်သုံးထားချင်မှသုံးထားပါလိမ့်မယ်။”MyanmarMobileမှတာဝန်ရှိသူတစ်ဦးက
ပြောသည်။

 

၎င်းမှာထူးခြားချက်အနေဖြင့်InternetBandwidthသိပ်မကောင်းသည့်နေရာများတွင်လည်းအဆင်ပြေပြေအသုံးပြု၍ရနိုင်ကြောင်း
ကိုလည်း သိရသည်။

 

 

 AppSoftwareသည်
Viberကဲ့သို့FreePhoneCall/FreeSMSအပြင်FreeVideoCall,WalkieTalkie,ImageSharing,FileTransferအပြင်မိမိရောက်နေ
သည့်locationကိုပါသူငယ်ချင်းတွေအချင်းချင်းအပြန်အလှန် ပေးပို့ဆက်သွယ်နိုင်သည့်   ဆော့ဝဲလ်တစ်ခု ဖြစ်သည်။

 

 “AppSoftwareကWifiConnectionရရင်FreeSMSနဲ့FreeVoiceCall တွေရတဲ့အတွက်ဖုံးဖိုး ချွေတာလိုတဲ့သူတွေအတွက်အများ
ကြီး အဆင်ပြေတယ်”ဟု အင်တာနက်ကျွမ်းကျင်ပညာရှင် ကိုကျော်သူဆေးက ပြောသည်။

 

အဆိုပါ ဆော့ဝဲလ်၌Featureများပိုမိုစုံလင်တဲ့အပြင်AdvFreeရရှိကြောင်းနှင့်RegisterAccout နှင့်ဆက်သွယ်နိုင်သလိုFacebook
Account နှင့်လည်း ဆက်သွယ်နိုင်ကြောင်း Myanmar Mobileမှ သိရသည်။

 

အဆိုပါSoftwarwအားအသုံးပြုရာ၌ နှစ်ဦး နှစ်ဘက်Appကိုသွင်းထားပါကဖုန်းပြော၍ရသလိုSMSပို့၍ရကြောင်းသိရသည်။
Voice / Video အသုံးပြုနိုင်သလို Walki Talki ကဲ့သို့ ပြော၍ ရကြောင်းကိုလည်း သိရသည်။

 

Voice Message ပို့၍ ရသလို၊Photoများပို့နိုင်ပြီးFileများနှင့်LocationSharingများလည်း ပြုလုပ်၍ရကြောင်းသိရသည်။

 

 FreeSoftware ဖြစ်သည်ViberSoftware ဖြင့်ဖုန်းခေါ်ဆိုလျှင်တစ်မိနစ်လျှင်အင်တာနက်အသုံးပြုခGSMဖုန်းတွင်(၂)ကျပ်နှင့်
WCDMAဖုန်းတွင်(၄)ကျပ်သာကုန်ကျသော်လည်းလက်ရှိတွင် မြန်မာနိုင်ငံ၌အသုံး ပြုရန်ခက်ခဲနေဆဲကြောင်းအင်တာနက်အသုံး
ပြုသူများထံက သိရသည်။

 

လက်ရှိတွင် ပြည်တွင်းမိုးဘိုင်းဖုန်းအသုံးပြုခနှုန်းထားများမှာမိုဘိုင်းဖုန်းများတွင်တစ်မိနစ်လျှင်ကျပ်(၅၀)ကုန်ကျ၍ကြိုးဖုန်းများတွင်
မူ မြို့တွင်းခေါ်ဆိုခတစ်မိနစ်လျှင်(၁၅)ကျပ်နှင့်နယ်နှင့်မိုဘိုင်းဖုန်းခေါ်ဆိုခမှာ(၂၅)ကျပ်ကုန်ကျလျက်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေး
လုပ်ငန်းမှ ထုတ်ပြန်ချက်များအရ သိရသည်။

 

အဆိုပါ Aire Talk သို့  အမျိုးအစားအလိုက်  တိုက်ရိုက်ကူးယူနိုင်သည့် လင့်များ မှာ အောက်ပါ အတိုင်း ဖြစ်သည်။

 

Direct Download Link

http://www.airetalk.com/downloads/aire-android.apk

No comments:

Post a Comment