Tuesday 26 February 2013

အင်တာနက်ကိုမြန်မြန်နဲ့ ပေါ့ပေါ့ပါးပါးအသုံးပြုနိုင်အောင်ပြုလုပ်ပေးမဲ့ (UC Browser)

UC Browser ဆိုတာကတော့ windows phone အသုံးပြုနေတဲ့သူငယ်ချင်းတွေအတွက် အင်တာနက်ကိုမြန်မြန်နဲ့ ပေါ့ပေါ့ပါးပါးအသုံးပြုချင်တဲ့
သူတွေအတွက်အခမဲ့အသုံးပြုနိုင်အောင် စီစဉ်ပေးထားတဲ့ windows phone App တစ်ခုပါ Flash player မလိုဘဲအသုံးပြုနိုင်အောင် HTML 5
ကိုအပြည့်အဝလည်ထောက်ပံ့ပေးထားပါတယ် File & Sync စနစ်ပါဝင်ပြီး Smart Downloader ကိုလဲထည့်သွင်းပေးထားပါတယ်...။
အင်တာနက်အသုံးပြုဖို့အတွက် Feature တော်တော်များများကိုလဲ ဒီ  Browser မှာထည့်သွင်းပေးထားတဲ့အတွက် windows phone
သုံးစွဲနေတဲ့သူငယ်ချင်းတွေအနေနဲ့ အဆင်ပြေစွာအသုံးပြုနိုင်မှာဖြစ်ပါတယ်  ဒီ App လေးက PC ကဒေါင်းဖို့တော့မပေးထားဘူးဗျ..
သူငယ်ချင်းတို့ဖုန်းထဲကို install တန်းလုပ်မှပဲရမယ်နော်...
App လေးကို install လုပ်ချင်တဲ့သူငယ်ချင်းတွေအောက်ကလင့်ကသွားလိုက်နော်
http://www.windowsphone.com/en-us/store/app/uc-browser/6cda5651-56b...
windows phone အတွက်က App ရှားတော့ ကျွန်တော် အင်တာနက်ဂျာနယ်မှာ တွေ့လို့မျှပေးလိုက်တယ်နော်
သူငယ်ချင်းအားလုံးအစဉ်ပြေပါစေနော်
လေးစားလျက် ချစ်ဦးမောင်(ရန်ကုန်)

Website တွေ blog တွေ ထောင်ထားတဲ့သူငယ်ချင်းတွေ HTML Coding လေ့လာစရာ ဝက်ဘ်ဆိုက် လေးပါ

ဝက်ဘ်ဆိုက်တွေ ဘလော့ တွေထောင်ထားတဲ့ သူငယ်ချင်းတွေ  HTML Coding တွေ က ဘယ်လောက် အရေးပါလဲ

သိမှာပါ ကျွန်တော့် အတွက်တော့ အရမ်း အရေးပါ ပါတယ်...။ ကျွန်တော် Template ကုဒ်ရေးတုန်းက Coding တွေ

ပို ထည့်မိလို့ ကျွန်တော် ဘလော့လေး လုံးဝ သုံးမရအောင်ကိုဖြစ်သွားဖူးတယ်  Expand Widget Templates မှာ အ

မှန်လေး မခြစ်မိတော့ ကုဒ်တွေကို ဘယ်လိုမှ ပြန်ယူလို့ မရတော့ဘူးပေါ့ ဘလော့လုပ်ထားတဲ့ သူငယ်ချင်းတွေကို လဲ

Templates  Coding ထက်ဖြည့်မယ်  ဆိုရင်( Expand Widget Templates)  ကို အမှန်ခြစ်ဖို့မမေ့ပါနဲ့လို့ပြောချင်

ပါတယ်နော်..။ 

 
ဒီကောင်လေး ကို အမှန်ခြစ် ထားတော့ တစ်ခုခုမှားသွားလဲ သူငယ်ချင်း တို့  Templates  Coding  မပျက်စီးတော့

ဘူးပေါ့ ဆရာကြီးတွေကိုတော့မပြောပါဘူးနော်....။



ကျွန်တော်အခု မိတ်ဆက်ပေးမဲ့ ဝက်ဘ်ဆိုက်လေး က HTML လေ့လာနေတဲ့ သူငယ်ချင်းတွေ အတွက် ကိုယ်တိုင်

လေ့လာ နိုင်မဲ့ ဝက်ဘ်ဆိုက်လေးပါ ဒီ ဝက်ဘ်ဆိုက် မှာ Hyper Text  Markup  language လို့ခေါ်တဲ့ HTML  နဲ့

ပတ်သက်တဲ့ အချက်အလက်တွေကိုဖတ်ရှူ့လေ့လာ သင်ယူနိုင်အောင် ဖော်ပြပေးထားတာ ကို တွေ့ရပါတယ်။

HTML programmig Tuto rial မှာ Modul A Basic ဆိုပြီး ခွဲထားပါတယ် ဒီအပိုင်းမှာ HTML မိတ်ဆက်ကနေ စ

ပြီးအခန်း (၁၄) ခန်းခွဲပြီးရှင်းပြထားပါတယ်  HTML စတင်ရေးဆွဲမဲ့ သူငယ်ချင်းတွေ သိထားသင့်တဲ့ Text Effect

တွေ/ Basic HTMLTag တွေနဲ့Graphic link တွေဘယ်လိုဖန်တီးတယ် link တွေကို ဘယ်လိုပြုလုပ်တယ်  Color

တွေကိုဘယ်လို ထည့်သွင်းတယ် ဆိုတာကို  Module A  မှာ တွေ့ရမှာဖြစ်ပါတယ်  Website တွေမှာ အသုံးပြုတဲ့

ColorCode တွေကို သိရှိနားလည်စေဖို့လည်း  Color Code တွေကိုလေ့လာနိုင်အောင်  ဖော်ပြပေးထားပါတယ်။

Web Developer  ကို စိတ်ဝင်စားတဲ့ သူငယ်ချင်းတွေ အတွက် အရမ်းအသုံးဝင်မဲ့ ဝက်ဘ်ဆိုက် လေးတစ်ခုဖြစ်ပါ

တယ်နော်.........။

(HTML Programming Tutorial – Welcome)

Welcome to our new HTML Programming tutorial. Even though websites have evolved over the years to use many other languages, aside from HTML, the one thing that you may not know is that they are all built around the language. This language is what started the whole world of websites and continues to exist, even though it has been improved upon substantially.
Now a days, you see languages such as PHP, XHTML, and so on. However, understanding the basics of HTML and how they work, will help you in learning other languages as well. The simple fact is that they all work together in most all cases and HTML fits quite comfortably within the confines of these other languages.
HTML was the birth of the website as we know it today and remains the basis for all other languages as well. If you have yet to learn HTML, you really should start with our beginning tutorials. In our beginning tutorials, you will learn the basic elements of how a website is put together. You will learn about tags and how they work, how to create links, and so much more.
If you have already strengthened your knowledge in the beginning section, you might want to visit our intermediate section in which you will learn about tables, frames, how to further format your text, how to change up the background of your website, and so much more.
For those who have already nailed down the basics and intermediate levels, you can proceed to the advanced tutorials. In this section, you will learn about forms, and delve deeper into the world of frames and tables. However, you will also have the opportunity to learn about meta tags, accessibility, CSS, and everything you need to complete your HTML training.
The world of HTML is a vast expanse. Learning through HTML Programming tutorial as much as you can gives you the chance to create an attractive and easy to use website that your potential customers and visitors are sure to enjoy. Make sure you take our quiz at the end of each category to review what you have read and learned.
လေ့လာချင်တဲ့သူငယ်ချင်းတွေအောက်ကလင့်ကသွားလိုက်ပါနော်
http://www.computer-training-for-you-through-online-education.com/h...
လေးစားလျက် ချစ်ဦးမောင်(ရန်ကုန်)
သူငယ်ချင်းအားလုံးဗဟုသုတတွေတိုးပွါးပါစေနော်
ကြည့်သူဦးရေ: 78

မင်းသိင်္ခ ဝတ္ထုရှည်များ

အိမ်မက်၏လက်တော်များ



Posted: 25 Feb 2013 04:39 AM PST
စာအုပ်အမည် – - ပါပလူမျိုး ကိုးဆယ့်ကိုး
ရေးသားသူ – မင်းသိင်္ခ
အမျိုးအစား – ၀တ္တုရှည်
ပါပလူမျိုး ကိုးဆယ့်ကိုး (မင်းသိင်္ခ) Download Here
Posted: 25 Feb 2013 04:36 AM PST
ရေးသားသူ.....အမည်မသိ

စာအုပ်အမည်..မြန်မာဘလော့တစ်ခုပြုလုပ်နည်း

ဖတ်ရန်..........ဒီမှာ
Posted: 25 Feb 2013 04:30 AM PST


ရေးသားသူ .......  မင်းသိင်္ခ

စာအုပ်အမည်..... ဆားပုလင်းနှင်းမောင်နှင့်တပွဲစားဦးနှော

ဒေါင်းရန်.....ဒီမှာ

မူရင်းလင်ခ့် မူရင်းလင်ခ့်ကဒီမှာ
Posted: 25 Feb 2013 04:26 AM PST

   စာအုပ်အမည်..... ပျောက်ဆုံးနေသောလမ်းမှာစမ်းတ၀ါးဝါး

   ရေးသားသူ .........  မိုးမိုး(အင်းလျား)

  ဒေါင်းရန်....ဒီမှာ

Sunday 24 February 2013



ယနေ့ဂျပန်နိုင်ငံ မှာ ဓါတ်စာ ဖျော်ရည် တစ်မျိုး ခေတ်စားနေ ပါသည်။လူအများ စိတ်ဝင်စားလာအောင် စတင်ဖော်ထုတ်
ဆော်သြ ခဲ့ သူကတော့ ဂျပန်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးအရှင် တိုမီဇာဝ ဖြစ်ပါတယ်။ထင်ပေါ်ကျော်ကြားလာတဲ့ ဓါတ်စာ
ဖျော်ရည်ကတော့ ``အာလူးစိမ်း`` ဖျော်ရည်ပဲဖြစ်ပါတယ်။


ဂျပန်နိုင်ငံမှာ အာလူးစိမ်းဖျော်ရည်ကြောင့် ရောဂါ သက်သာပျောက်ကင်းသွားရတဲ့ လူနာတွေ ၊လူနာ ရှင်တွေဆီက ကျေး

ဇူးတင်ကြောင်း ပလူပျံသလိုရောက်လာတဲ့စာတွေ အရှင်တိုမီဇာဝ လက်ခံရရှိခဲ့ပါတယ် ။ဆရာတော်က
"ဒီနှစ်ထဲမှာ ကင်ဆာအများအပြားဟာ အာလူးစိမ်း ဓါတ်စာကိုမှီဝဲခဲ့ကြပြီး ပမာဏ တော်တော်များများဟာ သိသိ သာသာ
သက်သာသွားပြီး သေမင်းနှုတ်ခမ်းဝက ပြန်လာနိုင်ခဲ့ကြပါတယ်"။

အသုံးပြုပုံကတော့ အာလူးအစိမ်း လတ်လတ် ဆတ်ဆတ်ကို ရေစင်အောင်ဆေးပြီး ထုထောင်းပါမယ်။ပြီးမှပိတ်စိမ်းပါးနဲ့
ထုပ်ပြီး အရည်ရအောင်ညှစ်ယူပါမယ် ။ အဲဒီအရည် ဖန်ခွက်တစ်ခွက်မှ နှစ်ခွက် နေ့စဉ်မှီဝဲသွားမယ်ဆိုရင်အသည်းရောဂါ
ဆီးချိုရောဂါ ၊ အစာအိမ်ရောဂါ ၊  ကျောက်ကပ်ရောဂါ ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ ခါးနာ၊ ပုခုံးနာ ၊ ကျီးပေါင်းနာရောဂါ
တွေ ပျောက်ကင်းစေတယ်လို့ဆိုပါတယ်။ ပျောက်ကင်းကြောင်း အနယ်နယ်အရပ်ရပ်က ထောက်ခံစာများရရှိထားတယ်
လို့ဆိုပါတယ် ။

သာဓကတစ်ခုအနေနဲ့ကတော့ ......
မစ္စတာတီ ဆိုသူသည် နားရွက်အောက်နား မှာ အဖု တစ်ဖု ပေါ်လာတာနဲ့ ဆေးရုံကိုသွားပြီးကင်ဆာကျိတ်ဖစ်နေပြီး ခွဲ
စိတ်ကုသပြီး ဓါတ်ကင်ခဲ့ပါတယ်။ သို့သော်လဲ ကင်ဆာကလပ်စည်းတွေက အဆုတ်ထိအောင် ပျံနှံသွားပါတယ်။ သက်
ဆိုင်ရာ ဆရာဝန်ကြီးများက ကင်ဆာကလပ်စည်းတွေ ပျံနှံ့ကုန်လို့ ကုသလို့မရနိုင်တော့ ဘူးလို့ ဆိုပါတယ် ။

အဲဒီနောက် သူဟာ အာလူးစိမ်းဓါတ်စာ အကြောင်းကြား သိရတဲ့အတွက် အရှုံးမရှိဘူးဆိုပြီး သောက်ကြည့်တယ်။အညွှန်း
အတိုင်း နေ့စဉ်ရက်ဆက် ဇွဲကောင်းကောင်းနဲ့ သောက်ခဲ့ပါတယ် ။ အခုဆိုရင်ကင်ဆာကလပ်စည်းတွေ လျှော့ကျသွားပြီး
ထိန်းချုပ် ထားနိုင်တဲ့အတွက် ကျန်းမာရေးနဲ့ ခွန်အား ပြန်ကောင်းလာပါတယ် ။ မူလအလုပ်အကိုင်လည်းပြန်ပြီးလုပ်ကိုင်
နိုင်ပါပြီ ။



သုတေသီ တိုမီဇသ-က သူ့ရဲ့ `ကင်ဆာရောဂါ ကြောက်စရာမလို၊ကျန်းမာစေကြောင်းနည်းလမ်းကောင်း``(The way
to healthy life ; Cancer not to be feared) ဆိုတဲ့ စာအုပ်ထဲမှာ ကင်ဆာရောဂါ ခွဲစိတ်ကုသခဲ့သည့်တိုင်အောင် လူနာ
ရဲ့အကြောက်တရားကြောင့် ကင်ဆာကလပ်စည်းတွေ ပျံနှံ့ ကုန်ရပါတယ်။သူဟာ ကင်ဆာဆေး  အဆက်မပြတ်မှီဝဲရပြီး
ဓါတ်ကင် ပြီးသွားပြီဆိုတဲ့သတင်း မကြားရသလောက်ပါပဲ။ ဒါ့အပြင် ပြင်းထန်တဲ့ ကုထုံးတွေရဲ့ဘေးထွက် ဆိုးကျိုးတွေရဲ့
အကျိုးဆက်ကို လူနာက ခံစားရပါသေးတယ် ။အကျိုးဆက်အနေနဲ့လူနာ ဟာခံတွင်းပျက်ခြင်း ၊ အားအင်ချည့်နဲ့လာခြင်း
တို့ဖြစ်လာရပါတယ် ။ အာလူးစိမ်းဓါတ်စာကိ သောက်ခြင်းအားဖြင့် ဘေးထွက်ဆိုးကျိုးတွေ မခံစားရပဲ လူနာ ဟာ တစ်
နေ့တစ်ခြား အားအင်ပြည့်ဖြိုးလာတာတွေ့ရပါတယ် ။



အာလူးပင်ဟာပင်ကိုယ်ကအာဟာရပြည့်ဝနေတဲ့အစာတစ်ခုဖြစ်တဲ့အတွက်အကျိုးမယုတ်ပါဘူး။သူ့ကိုမှန်မှန်မှီဝဲခြင်းအား
ဖြင့် ကင်ဆာကလပ်စည်းတွေကို ဟန့်ထားစေပါတယ် ။``  လို့ဖော်ပြထာားပါတယ် ။အာလူးစိမ်း ဓါတ်စာဟာ ကိုယ်တိုင်
လွယ်လွယ်ကူကူ ဖော်စပ်နိုင်ပြီးချက်ချင်းလက်ငင်း သောက်သုံးနိုင်ပါတယ် ။ပြီးတော့အဲဒီအချိန်တိုအတွင်းမှာ သူ့ရဲ့ အာနိ
သင်ကို တွေ့ထိ ခံစားနိုင်ပါတယ် ။  ဓါတ်စာ တစ်ပါတ် နှစ်ပါတ်လောက် သောက်ပြီးတာနဲ့ နာကျင် ကိုက်ခဲမှုဝေဒနာတွေ
တစ်စ တစ်စ လျှော့ပါး သွားပါတယ်။ခံတွင်းပြန်ပြီး ကောင်းလာမယ် ။ အသားအရေ ပြန်ပြီးကာင်းလာမယ် ။


အာလူးစိမ်း ဓါတ်စာကို အထူးသဖြင့် ထောက်ခံတဲ့နောက်တစ်ဦးကတော့ ဒေါက်တာကိုင်နိုရှိတ ဖြစ်ပါတယ်သူ့အဆိုတွေ
က`` အာလူးကို ဥရောပတိုက်သားတွေကတစ်ချိန်တုန်းကမဟာပထ၀ီမြေကြီးရဲ့ ပန်းသီး  (Apple of the great earth)
 လို့ခေါ်ခဲ့ကြောင်း သိရပါတယ် ။အာလူးမှာ အာဟာရဓါတ်တွေ စုံစုံလင်လင်ပါရှိပြီးအထူးသဖြင့်ဗိုက်တာမင်စီဓါတ်နဲ့ထုံး
ဓါတ်တို့ အများဆုံးပါဝင် ပါတယ် ။



ရှေးဟောင်း ဂျာမန်ဆေးကျမ်းတွေမှာအာလူးစိမ်းဓါတ်စာရည်ကိုအစာအိမ်အနာပေါက်ခြင်း၊၀မ်းချုပ်ခြင်းတွေ  အတွက်ပေး
ရကြောင်း ဖော်ပြထားပါတယ် ။ကင်ဆာ ကလပ်စည်းတွေကိုထိန်းချုပ်နိုင်ခြင်းနှင့် ပါတ်သက်ပြီးအာကိတတက္ကသိုလ်ဆေး
သုတေသန ဌာနက ပါမောက္ခကာဂါမိ-က ပြောကြားရာမှာ ` ကင်ဆာကလပ်စည်းကိုထိန်းချုပ်စေတဲ့ ဓါတ်ကိုရှာဖွေဖော်
ထုတ် နိုင်ခဲ့ပါတယ် ။အဲဒီဆေးနဲ့ ကြွက်ကလေးတွေ အပေါ်မှာ စမ်းသပ်ကြည့်တဲ့အခါ  အလားအလာကောင်းမွန်ကြောင်း
တွေ့ရပါတယ်။ သူဟာသူ့ရဲ့တွေ့ရှိချက်ကိုစာတမ်းပြုစုပြီးမနှစ်ကဂျာမနီနိုင်ငံမှာကျင်းပခဲ့တဲ့အပြည်ပြည်ဆိုင်ရာကင်ဆာ
ညီလာခံ(InternationalCancer Society Conference ) မှာ ဖတ်ကြားတင်သွင်းခဲ့ပါတယ်။

နောက်ဆက်တွဲအနေနဲ့ အာလူးစိမ်း ဓါတ်စာ ဖျော်ရည်လုပ်နည်းဟာ အလွန်ပဲလွယ်ကူပါတယ်။အရွယ်တူ အာလူး (၃)လုံး
ကိုယူပြီး ရေစင်အောင်ဆေးပါ ၊အခွံ မနွှာရပါ ။ အစို့ပေါက်လေးများရှိရင်ဖယ်ရှားပေးပါ ။ ပြီးလျှင်အာလူးကို သခွားခြစ်ဖြင့်
အစလေးများဖြစ်အောင် ခြစ်ပေးပါ ။ပြီးက အဲဒီအစလေးများကို သန့်ရှင်းသော ပိတ်စိမ်းပါးစဖြင့်ထုပ်ပြီး(အုန်းနို့ညှစ်သကဲ့
သို့) အရည်ညှစ်ယူပါ ၊အဲဒီအရည်ကိုခွက်ထဲမှာ ထည့်ပြီးအရသာကောင်းအောင်ပျားရည်နဲနဲရောစပ်ပြီး သောက်ပါ ။ အဲဒီ
အာလူးအရည်ကို နံနက်တိုင်း တစ်ခွက်နှုန်းဖြင့်သောက်ပေးနိုင်ပါတယ် ။

ဖြန့်ဝေသူ၏ အမှာစကား

ယနေ့ကာလခေတ်တွင်ကင်ဆာရောဂါသည်အလွန် အဖြစ်များ၍ ငွေကုန်ကြေးကျများသောရောဂါဖြစ်ပါသည်။ကင်ဆာ

ရောဂါပျောက်ကင်းစေနိုင်သော တိုင်းရင်းဆေး ၊ နိုင်ငံခြားဖြစ်ဆေး အမြောက်အများ ပေါ်ထွက် လျှက်ရှိပါသည်။ဗုဒ္ဓဘာ
သာအလိုရ ခန္ဓာရှိ၍ ဝေဒနာရှိဖြင်းဖြစ်ပါသည်။ မိမိပြုသောကုသိုလ် ၊အကုသိုလ်အစုစုတို့သည် သံသရာ ပြန်၍တစ်ဖန်
လည်ခြင်းဖြစ်ပါသည်။ထို့ကြောင့် စိတ်ဓါတ်မကျဘဲ၊အားမငယ်ဘဲမိမိတို့၏   ရောဂါဝေဒနာများကို စိတ်ဓါတ်ကြံ့ခိုင်စွာ ၊
နည်းလမ်းပေါင်းစုံဖြင့် ကုသရမည်ဖြစ်ပါသည် ။

မိမိ၏ ကုသိုလ်ကံတရားအကျိုးပေးသော်မိမိနှင့်ကိုက်ညီသော ဆေးဝါးများ၊ဆရာသမားများ (အနာနှင့်ဆေးတည့်သော်)
တွေ့ ကာ ရောဂါအမြစ်ပြတ်ကာ(လုံးဝ)အရှင်း ပျောက်ကင်းချမ်းသာနိုင်ပါသည် ။

သို့ဖြစ်ရာ အထက်တွက်ဖော်ပြခဲ့သောအာလူးစိမ်းဖျော်ရည်သည်ကုန်ကျစရိတ်နည်းပါးသည့်အပြင် ပြုလုပ်ရန် နည်းလမ်း
သည်အလွန်ရိုးရှင်းပါသည်။ လူသားတို့စားသုံးသောသဘာဝဓါတ်စာဖြစ်သည့်အတွက်ကြောင့် ဘေးထွက်ဆိုးကျိုးမရှိပါ။
ထို့ကြောင့် ရောဂါဝေဒနာရှင်များ လက်တွေ့အသုံးချနိုင်ရန်အကျိုးငှာဤ ဆေးနည်းအားတဆင့်ပြန်လည် ဝေငှပေးခြင်း
ဖြစ်ပါသည်။
ref;;from facebook

မသိသေးသူများအတွက်ပါနော့
ပထမဆုံးအနေနဲ့ ဖုန်းရဲ့ Setting -> App lication -> Unknown Sources ကို အမှန်ခြစ်လုပ်ပေးဖို့လိုပါလိမ့်
မယ်။
ပြီးရင်တော့ ဒေါင်းလုပ်လုပ်ထားတဲ့ အထဲက rar ဖိုင်ကို ဖြည်ပြီးတော့ Samsung Glaxy ဆိုတဲ့ Folder ကို Memory card ထဲကို Copy ကူးပါ ။ Memory Card ကို ဖုန်းထဲကို ထည့်ပြီးတော့ My Files ထဲကနေပြီးတော့ Samsung Glaxy Folder ထဲကို ၀င်ပါ ။

ပြီးတော့ ဖောင့်အတွက် Zawgyi_One.apk ရယ် Fontomizer.apk ရယ်ကို install လုပ်ပါ့မယ် ။ အဲ့ဒါက ဖောင့်အတွက်ပါ ။ ပြီးတာနဲ့ Setting -> Display -> Font မှာ Zawgyi-One ကိုရွေးပေးပါ။
Reboot ချခိုင်းရင်ချပေးလိုက်ပါ ။ပြန်တက်လာပြီဆိုရင်တော့ သူငယ်ချင်း ရဲ့စက်မှာ မြန်မာဖောင့်မြင်ရပါပြီ။
ဖောင့်မြင်ရပြီးတဲ့ အခါ မှာ ကျွန်တော်တို့ ကီးဘုတ်ကို တင်ကြပါမယ် ။

ကျန်နေသေးတဲ့ apk ဖိုင်သုံးခု MyanDroid-Soft-Keyboard-Zawgyi-Beta.apk ရယ် MyanmarKeyboard.apk ရယ် FrozenKeyboard_1.1.1 .apk ရယ် အဲ့ဒီသုံးခုထဲက ကြိုက်တဲ့တစ်ခုကို install လုပ်လိုက်ပါ ။ သုံးခုစလုံးကို တင်လိုက် ရင်လည်းရပါတယ် ။ ကျွန်တော်ကတော့ MyanmarKeyboard ကို သဘောကျပါတယ် ။ သူက
သုံးရတာလောလောဆယ်တော့ အလွယ်ကူဆုံးနဲ့ အဆင်ပြေဆုံးပါပဲ ။

ပြီးရင်တော့ Setting -> Language and Keyboard -> မြန်မာကီးဘုတ် ကို အမှန်ခြစ်ခြစ်ပေးပါ ။Myandroid Keyboard ကိုတင်ထားရင်တော့ Setting -> Language and Keyboard -> Myandroid Soft Keyboard ဆိုပြီး
မြင်ရမှာပါ ။

အဲ့လိုလုပ်ပြီးရင်တော့ သူငယ်ချင်းရဲ့ စက်မှာမြန်မာဖောင့်တင်လို့ပြီးသွားပါပြီ ။ စမ်းသပ်ကြည့်ဖို့ရာ Message boxတစ်ခုခုမှာ ကြာကြာလေးနှိပ်ထားပါ Input Method ကို နှိပ်ပြီးရင် မြန်မာကီးဘုတ် တင်ထားတယ်ဆိုရင်မြန်မာ
ကီးဘုတ် ကိုရွေးပေးပါ ။ Myandroid Soft Keyboard တင်ထားရင် Myandroid Soft Keyboard ကိုရွေးပြီးရင်မြန်မာလိုရိုက်လို့ရပါပြီ ။

ဒီနေရာမှာ တစ်ခုပြောချင်တာက Myandroid Soft Keyboard တင်ထား မယ်ဆိုရင် မြန်မာလိုရိုက်ရာကနေ အင်္ဂလိပ်လိုပြန်ပြောင်း ရိုက်ချင် တယ်ဆိုရင် Input Method ပြန်ပြောင်းပြီးမှ ဖောင့်ပြောင်းလို့ရပါတယ် ။ မြန်မာကီးဘုတ်မှာကတော့ ကီးဘုတ်ရဲ့အောက်ခြေ ဘယ် ဘက်ထောင့်လေး မှာ အလံလေးတွေပါပါတယ် ။ အဲ့ဒီအလံလေးတွေနှိပ်ရုံနဲ့
ဖောင့်ပြောင်း လို့ရတဲ့အတွက် သုံးရတာအဆင်ပြေပါတယ် ။
အဆင်ပြေပါစေ

Shwe Nay Chi ဖြစ်အသစ်ထွက်ရှိလာတဲ့ Radio App လေးပါ City FM ကိုနားဆင်နိုင်မဲ့အပြင်

Shwe Nay Chiအင်တာနက်ရေဒီယိုကိုလဲဖမ်းယူနားဆင်နိုင်မှာဖြစ်ပါတယ်နော်အတင်းအချက်

အလက်များကိုပါရရှိနိုင်မဲ့အပြင် တေးသီချင်း  ဖျော်ဖြေမှူ့များလည်း နားဆင်နိုင်မှာဖြစ်ပါတယ်

ကြိုက်တဲ့သူငယ်ချင်းတွေအောက်ကပုံလေးတွေကိုရှူ့စားပြီးဒေါင်းလိုက်ပေတော့…
လေ့လာချင်သေးရင်တော့ အောက်ကလင့်ကသွားလိုက်နော်
http://edwincs.com/edwin/SNC/
Apk လေးကိုအောက်ကကြိုက်ရာလင့်ကဒေါင်းလိုက်ပါနော်
http://www37.zippyshare.com/v/26889271/file.html
http://edwincs.com/edwin/SNC/downloadpackage/SNC.apk
သူငယ်ချင်းအားလုံးအစဉ်ပြေပါစေနော်
လေးစားလျက် ချစ်ဦးမောင်(ရန်ကုန်)
Tags: Android, For
ကြည့်သူဦးရေ: 200

VIBER မြန်မာဗားရှင်း ထွက်ပါပြီ =========================
ကွန်ပျူတာ အင်တာနက် ဖုံး စတဲ့ အိုင်တီနဲ့ ပတ်သက်တာမှန်သမျှ ကျနော်တို့မြန်မာစာနဲ့ထွက်လာတယ်ဆိုတာတော်တော်လေးကို ရှားပါသေးတယ်။ နိုင်ငံတိုင်း လူမျိုးတိုင်း ကိုယ့်ဘာသာ ကိုယ့်စာပေနဲ့ အရာရာတိုင်းကို ရှိနေချင်ကြတာ သဘာဝပါပဲ။ ကမ္ဘာမှာ ဘယ်ဘာသာစကားကို အဓိကသုံးစွဲရမယ်လို့ သတ်မှတ်ချက် မရှိပေမယ့် အင်အားကြီးတဲ့ ဘာသာစကားကို သုံးနေကြတာ အထင်အရှားပါ။ ကျနော်လဲ လူထဲက... လူတစ်ယောက်မို့ ကျနော်တို့မြန်မာစာ မြန်မာစကားကို နေရာတိုင်းမှာ ရှိနေစေချင်တဲ့ ဆန္ဒရှိနေပါတယ်။ အဲဒါကြောင့် ဖုံးအလကားခေါ်ဆိုလို့ လွယ်ကူတဲ့ စမတ်ဖုံးများမှာ အသုံးပြုနေတဲ့ Viber Application ကို မြန်မာမှု ပြုလိုက်ပါတယ်။ အကောင်းကြီးတော့ မဟုတ်ပေမဲ့ အတတ်နိုင်ဆုံး ကြိုးစားလုပ်ထားပါတယ်။
အင်္ဂလိပ်အက္ခရာများနဲ့ ရင်းနှီးနေပြီးသားသူများအတွက် ကြည့်ရတာမျက်စိနောက်ကောင်းနောက်ပေမဲ့မြန်မာလူမျိုးများအတွက် သင့်တော်မယ်ထင်လို့ မြန်မာဗားရှင်းလေးကို လုပ်ဖြစ်သွားတာပါ။ အနှောက်ယှက်ဖြစ်ရင်တော့ တောင်းပန်ပါတယ်။ တစ်ချို့ကို Language Data အခက်အခဲကြောင့် မြန်မာလို မပြန်ဘဲ ဒီတိုင်းထားခဲ့ရပါတယ်။ အဒီအတွက်လဲ ထပ်ပြီး တောင်းပန်ပါရစေ...နောက်ထွက်မည့် ဗားရှင်းအသစ်တွေမှာ ကောင်းသထက်ကောင်းအောင် ကျိုးစားပါ့မယ်။ အခုထွက်လာတဲ့ Viber မြန်မာဗားရှင်းက နောက်ဆုံးထွက် ဗားရှင်းဖြစ်ပြီး iPhone Jailbreak လုပ်ပြီးသား မြန်မာဖောင့် ရှိမှသာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Jailbreak မလုပ်ရသေးတဲ့ ဖုံးများမျာ အသုံးပြုလို့မရနိုင်သေးပါဘူး။ သုံးရင်လဲ မြန်မာဖောင့်က အတုံးတုံးလေးတွေပဲ ပေါ်နေမှာဖြစ်ပါတယ်။ နောက်ထပ် ကောင်းမယ် အသုံးများမယ်ထင်တဲ့ Application များကို မြန်မာမှုပြုနိုင်အောင် ကြိုးစားနေပါတယ်။ တစ်ခုခုအမှားအယွင်းတွေ့ရှိလျင် ကျနော့်လိုအပ်ချက်သာ ဖြစ်ပါကြောင်း။ ကျနော် လုပ်ထားတဲ့ Viber မြန်မာဗားရှင်း နဲ့ ပတ်သက်ပြီး ဝေဖန် အကြံပြုချက်များကို လက်ခံသွားမည်ဖြစ်ပါတယ်ခင်ဗျား။ Viber မြန်မာဗားရှင်း ဖြစ်ပေါ်လာအောင် အကူညီပေးခဲ့တဲ့ အကို ကိုဧချမ်း (US) ဒီနေရာကနေ အထူးပဲ ကျေးဇူးတင်ပါကြောင်းပြောကြားပါရစေ....
ဒေါင်းရန်လင့်======http://www.mediafire.com/?gqviwebebhxln9j  
ကိုလတ်(ကျွဲဆင်း) -----------------------------------------------------------------------------
By: အဖြူရောင်မီဒီယာ

Tuesday 12 February 2013


မြန်အိုင်တီနန်းတော်သူ/သားများ
မင်္ဂလာပါခင်ဗျာ
ကျနော်အခုမျှဝေမဲ့နည်းပညာကတော့ ကွန်ပျုတာကနေ
wifi လွှင့်ပီး အသုံးပြုမှာဖြစ်ပါတယ်
ပထမဆုံးအနေနဲ့ဆော့ဖ်ဝဲလ်လေးကိုဒေါင်းလိုက်ပါ.
မူရင်းလင့်ခ်မှာသွားပြီးဒေါင်းနိုင်ပါတယ်.
ဆော့ဖ်ဝဲလ်ကိုဒေါင်းပြီးပါက RUN လိုက်ပါ.
Virtual Router တက်လာတဲ့အထိခနစောင့်လိုက်ပါ(အထက်ပါပုံ)
network name (ssid) အကွက်မှာမိမိနှစ်သက်တာရေးပါ(မိမိလွှင့်မည့်နာမည်)
Password အကွက်မှာ မိမိနှစ်သက်ရာရေးပါ (မိမိလွှင့်လိုက်တဲ့ လိုင်းကို အသုံးပြုမည့် PW)
Share connection ကသူအလိုလိုပေးလာပါလိမ့်မယ်
ပြီးစီးသွားပါကစတင်လွှင့်ရန်
Start Virtual Router ကိုနှိပ်လိုက်ပါ.
Stop Virtual Router လို့ပြသပြီးစတင်လွှင့်နေမှာဖြစ်ပါတယ်.
ရပ်ခြင်ပါက Stop Virtual Router ကိုနှိပ်ပီးပိတ်နိုင်ပါတယ်.
ဖုန်းမှာဖြစ်ဖြစ် ကွန်ပျူတာမှာဖြစ်ဖြစ် wifi ကိုဖွင့်ပြီး
မိမိလွှင့်လိုက်တဲ့ နာမည်ကိုရှာပြီး
မိမိထည့်လိုက်တဲ့ password ကိုထည့်သွင်းပြီးအသုံးပြုနိုင်ပါပြီ
အားလုံးအဆင်ပြေကြပါစေခင်ဗျာ.
ခေါင်းစဉ်ခွဲ : ဆော့ဖ်ဝဲလ်

Monday 11 February 2013


သူငယ်ချင်းတို့ရေ တင်ဇာက ဒီတစ်ခါမှာတော့  ပြင်ပဗဟုသုတလေးတွေပြောပြပေးပါမယ်နော်....။
(1)Micky Mouse ကို ဝေါ့ဒစ်စနေး(Walth Disny)က (1928) နိုဝင်ဘာ(18)ရက်နေ့မှာ စတင်မိတ်ဆက်ခဲ့ပါတယ်..။
(2)သီပေါမင်းဟာ ရတနာဂီရိမှာ နတ်ရွာစံတုန်းက သရဏဂုံ မတင်ခဲ့ရပါဘူးတဲ့..(မြန်မာတွေရဲ့ အယူအဆမှာ သရဏဂုံ မတင်ရင် အကျွတ်လွတ်ဘူးဆိုတဲ့ အယူရှိပါတယ်..).။
(3)ဗုဒ္ဓရောင်ခြည်(၆)သွယ်ဆိုတာ
(၁)အပြာရောင်
(၂)အ၀ါရောင်
(၃)အနီရောင်
(၄)အဖြူရောင်
(၅)လိမ္မော်ရောင်
(၆)လျှပ်စီးလက်သလိုပြိုးပြိုးပြက်ပြက်လက်နေတဲ့အရောင်
စသည်တို့ဖြစ်ပါတယ်..။အမေရိကန်လူမျိုး ဗိုလ်မှူးကြီး "ဟင်နရီစတီးလ်အောလ်ကော့"ဆိုတဲ့သူက အဲဒီ့ရောင်ခြည်တော်(၆)သွယ်ကို အခြေခံပြီး ဗုဒ္ဓသာသနာ့အလံတော်ကို (17.4.1885)မှာ တီထွင်ခဲ့တာပါ..။
(4)မြန်မာနိုင်ငံကို(1889)ခုနှစ်မှာ သာသနာ့အလံ စတင်ရောက်ခဲ့ပြီး ဆဋ္ဌမအကြိမ် သင်္ဂါယနာတင်တဲ့ (၁၉၅၆)ခုနှစ်-သာသနာ(2500)ပြည့်နှစ်ကျမှမြန်မာနိုင်ငံမှာ ဗုဒ္ဓသာသနာ့အလံတော်ကို စတင်လွင့်ထူခဲ့တာပါ..။အပြာရောင်(နီလ)ကစတင်ကွန့်မြူးတော်မူတာဖြစ်လို့ အပြာရောင်ကို ထိပ်ဆုံးမှာထားတာပါ..။
(5)ဝေလငါးပြာ(Blue Whale)တွေဟာ အရွယ်အစားအရမ်းကြီးပါတယ်.။သူတို့ရဲ့နှလုံးဟာ မော်တော်ကားအငယ်စားတစ်စီးစာလောက်ရှိပြီးနှလုံးသွေးကြောတွေကလူတစ်ယောက်ဝင်ပြီးရေကူးနိုင်လောက်အောင်ကျယ်ပြန့်ပါတယ်../
(6)..1980ပြည့်နှစ်မှာ ရုပ်မြင်သံကြားသတင်းများစတင်ထုတ်လွင့်ခဲ့သည့် သတင်းဌါနက CNN ပါ..။
(7)မာသာထရီဆာက အယ်လ်ဘေးနီးယားနိုင်ငံသူ ပါ..။
(8)(15)ရာစုထိတိုင်အောင် စာပေရေးသားတဲ့နေရာမှာ ပုဒ်ဖြတ်ပုဒ်ရပ်သင်္ကေတတွေဖြစ်တဲ့ (..)..<>../..?.(;)..("..")..!..(,,)..(.)..(:)စတာတွေကို အသုံးမပြုကြသေးပါဘူး..။
(9)လူတွေကို အရေအတွက်အများဆုံးသေစေခဲ့တဲ့တရားခံကတော့ ခြင်တွေပဲဖြစ်ပါတယ်တဲ့..။
(10)ဆင်တွေဟာ ရှေ့ခြေချောင်းထိပ်လေးတွေကို အားပြုပြီးလမ်းလျှောက်ရတာပါ။ဘာဖြစ်လို့လဲဆိုတော့သူတို့ရဲ့ နောက်ဘက်ပိုင်းဟာအရိုးမရှိဘဲ အဆီတွေချဉ်းပဲ ဖြစ်နေလို့ပါ...။

ချစ်သူများနေ့ မတိုင်ခင် ဓာတ်ပုံဒီဇိုင်းလှလှတွေ လုပ်ပေးချင်ရင် ဆော့ဝဲကောင်း


ဒီဆော့ဝဲလေးကတော့ ဓာတ်ပုံကို ဒီဇိုင်းလှအောင် ပြင်တဲ့အခါ ပန်းဘောင်လှလှလေး

အရုပ်ကလေးတွေ ပန်းကလေးတွေ ထူးဆန်းတဲ့ရောင်ခြည်လေးတွေနဲ့  ပုံကိုလှစေဖို့ 

အထူးသင့်လျှော်တဲ့ဆော့ဝဲလေးပါ ၊ စာလုံးဒီဇိုင်းမှာ မြန်မာလို့ ပြောင်းရေးတာမရဘူး

လေ့လာလိုသူတွေ သေချာလေ့လာကြည့်ပါ။  ဒီဇိုင်းဆိုတာ ရေးဆွဲသူရဲ့  စိတ်ကူးပေါ်

မူတည်ပီး လှပလာမှာပါ ။ ဖိတ်စာ လိပ်စာ ကတ်တွေအတွက်လည်း အဆင်ပြေနိုင်၏

ပန်းဘောင်လှလှလေးတွေ ပါလာတာမို့  ဖိတ်စာ အလှပြန်ဆင်လို့ ရတယ်၊ လိုချင်သူ

ဒီဇိုင်းဆွဲတာဝါသနာပါသူတွေအတွက် အဆင်ပြေတဲ့ ဆော့ဝဲကောင်းလေး တစ်ခုပါ

Full Version ဖြစ်စေို့ အထဲမှာ ကီးထည့်ပေးထားပါတယ်.....။

ဒီလင့်မှာ Download ယူပါ -www.ziddu.com-PhotoFiltreStudio_X with key

အပေါ်ကမရရင် = PhotoFiltre+Studio_X+10.3.3+%28
မောင် (စွယ်စုံကျမ်း)

Android Device အသုံးပြုရာမှာ လေးလံလာပြီဆိုရင် ပြင်ဆင်သင့်တဲ့အချက်လေးတွေပါ


Androidဟာversionအသစ်တွေထွက်ပြီးရင်းထွက်နေတာဘဲဗျversionအသစ်တိုင်းမှာပိုမိုကောင်းတဲ့လုပ်ဆောင်ချက်
တွေထည့်သွင်းပေးထားတော့ Android OS ကိုအသုံးပြုတဲ့ သူငယ်ချင်းတွေအနေနဲ့ version အသစ်တွေကိုအသုံးပြု
ချင်ကြပါတယ် ဟုတ်တယ်ဟုတ် သူငယ်ချင်းတို့သိထားရမှာက version upgrade ပြုလုပ်ပြီးနောက် သူငယ်ချင်းတို့
Device လေးလံလာတယ်ဆိုရင် Device နဲ့ version မကိုက်ညီလို့ဖြစ်ပါတယ်

နောက်တစ်ခုက Web Browser ဟာ Android Device  အသုံးပြုတဲ့သူငယ်ချင်းတွေအတွက်အရေးပါတဲ့Appလို့ပြော
လို့ရပါတယ် Default ပါဝင်တဲ့ Browser နဲ့တင်လုံလောက်မှူ့ရှိနေလဲ အခြား Browser တွေကိုသူငယ်ချင်းတို့ထည့်
သွင်းအသုံးပြုချင်မှာဘဲ အသုံးပြုချင်ရင်လဲသင့်တော်မဲ့ Browser အမျိုးအစားကိုရွေးချယ်သင့်ပါတယ်

နောက်တစ်ခုက WiFi,Bluetooh,GPS,Data, တို့ကိုအသုံးမပြုရင် ပိတ်ထားသင့်ပါတယ်။ ဘာလို့လဲဆိုတော့ သိတဲ့
သူငယ်ချင်းတွေလဲ သိမှာပါ WiFi,Bluetooh တို့ဟာနီးစပ်ရာ Device တွေကို Detect လုပ်တဲ့အတွက်ပါ နောက်၁ခု
က Battery အကုန်မြန်တယ်လို့လဲသိထားပါတယ်

နောက်တစ်ခုက ကျွန်တော်မကြာသေးခင်ကမှကလိကြည့်တဲ့နည်းလေးပါစက်ကလေးသွားလို့ပါဝါပါပိတ်လိုက်ရတယ်
ဟိဟိ APP,Game တွေတော်တော်များများဟာအပြီးပိတ်လိုက်လဲ Running ထဲမှာသွား Run နေတတ်ပါတယ်ဒီApp,
Game တွေကို Stop ပြုလုပ်ဖို့အတွက် အခု Task killer, process killer တို့လို App တွေ အများကြီး ထွက်လာပါပြီ
အသုံးပြုသင့်ပါတယ် ဒါမှမဟုတ် Setting ထဲက Running ထဲမှာသွားပိတ်လိုက်လဲရပါတယ် သတိထားရမှာက အဲ့ထဲ
မှာ System ပိုင်းဆိုင်ရာတွေ Run နေပါတယ် မပိတ်မိ ပါစေနဲ့နော် Background မှာ App တွေ Runတာ များလာပြီ
ဆိုရင်သူငယ်ချင်းတို့ Device ဟာလေးလံသွားမှာသေချာပါတယ်

နောက်တစ်ခုက Device မှာ Keyboard တွေကို အများကြီး အသုံးမပြုသင့်ပါဘူး Keyboard အသစ်တွေမှာကောင်းမွန်
တဲ့ Feature တွေပါဝင်ပေမဲ့ Keyboard တွေဟာအများကြီးအသုံးပြုရင် Type ပြုလုပ်ချိန်အတွက်ရောအခြားအချိန်တွေ
မှာပါ Device ကိုလေးလံမှူ ဖြစ်ပေါ်နိုင်ပါတယ် ဖြစ်နိုင်ရင် English,myanmar Keyboard နှစ်မျိုးကိုဘဲ အသုံးပြုသင့်ပါ
တယ်နော်..

နောက်တစ်ခုက Anti-virus App တွေထည့်သွင်းအသုံးပြုသင့်ပါတယ်မလိုလားအပ်တဲ့ဖိုင်တွေရဲ့လုပ်ဆောင်ချက်တွေ
လေးလံမှာကို Anti-virus App တွေကသေချာပေါက်ဖြေရှင်းပေးနိုင်ပါတယ် သူငယ်ချင်းတို့ Device တွေနဲ့သင့်တော်
မဲ့ Anti-virus App တွေကို သူငယ်ချင်းတို့ဘက်က ရွေးချယ်သင့်ပါတယ် အသုံးမပြုတော့တဲ့ Appတွေကိုလဲ ဖျက်ပြစ်
တာမျိုးတွေလဲလုပ် သင့်ပါတယ် App တွေဒေါင်းရင် Error ပါမပါ စစ်ဆေးပြီးမှ Device ထဲကို install လုပ်သင့်ပါတယ်

ကျွန်တော်နားလည်သလောက်ပြောပြတာပါ ဆရာကြီးတွေအတွက်ဟုတ်ဘူးနော်မသိသေးတဲ့သူငယ်ချင်းတွေကိုရည်
ရွယ်ပါတယ်...နောက်များကြုံကြိုက်ရင်လဲ နားလည်တာလေးတွေဝေမျှပါအုံးမယ်နော်...။

Android Device တွေကို Custom Rom တဲ့ အပိုင်းကို ကျွမ်းကျင်မှလုပ်ဆောင်တာ အကောင်းဆုံးပါ Rootလုပ်တာ
လောက်နဲ့ဘဲတော်တော်လေးလုံလောက်ပါတယ် Administrator အနေနဲ့ Device ကိုသုံးချင်ရင်တော့နည်းနည်း ပါး
ပါးကလိတတ်ရုံနဲ့မလုံလောက်ပါဘူး နားလည်အောင်အရင်လေ့လာသင့်ပါတယ် Device ၁ခုနဲ့၁ခုလုပ်ဆောင်ပုံတွေ
ကွဲပြားပါတယ် version 2.3 ထက် Device တွေဆိုရင်တော့ Root လုပ်ရုံလောက်နဲ့အစဉ်ပြေပါတယ်။ဘာ လို့လဲဆို
တော့ version 2.2  version 2.3 Device တွေဟာ APP တွေ Game တွေ တော်တော် များများ ကို install လုပ်ပြိး
အသုံးပြုနိုင်ပါတယ်



                                             သူငယ်ချင်းအားလုံးအစဉ်ပြေပါစေနော်
                                             လေးစားလျက် ချစ်ဦးမောင်(ရန်ကုန်)

ဆေးဝါးအဖြစ်အသုံးဝင်သောကြက်သွန်ဖြူ


ကြက်သွန်ဖြူ စားရင် ပါးစပ် နံတတ်တာကြောင့် ကြက်သွန်ဖြူကို မစားဘဲ ရှောင်ရှားနေမိပါသလား။ ကြက်သွန်ဖြူ စားလို့ ပါးစပ်နံတာကို တရုတ်နံနံ၊ သံပုရာသီးနဲ့ လိမ္မော်ခွံ စတာတွေကို စားပေးရင် အနံ့ဆိုး သက်သာနိုင်ပါတယ်။ သွားချေးတွေ ကင်းစင်စေပြီး ကိုလက်စထရော များတာနဲ့ ချောင်းဆိုးတာလို ကျန်းမာရေး ပြဿနာတွေကို ကင်းစင်စေဖို့ ကြက်သွန်ဖြူကို စားပေးသင့်ပါတယ်။


ဆိုဒီယမ် မှီဝဲမှုကို လျှော့ချနိုင်ဖို့ အတွက် ကြက်သွန်ဖြူကို စားပေးသင့်ပါတယ်။ ကြက်သွန်ဖြူကို ဝယ်ပြီးချိန်မှာ အာနိသင် မပျက်ပြယ်စေဖို့ အေးမြ ခြောက်သွေ့ပြီး မည်းမှောင်တဲ့ နေရာမှာ ထားပေးပါ။ ကြက်သွန်ဖြူရဲ့ အကျိုးကျေးဇူးကို အကောင်းဆုံး ရရှိစေဖို့ အတွက် အောက်ပါ နည်းလမ်းတွေကို လိုက်နာပေးပါ။

အရင်ဆုံး အခွံခွာပါ

ကြက်သွန်ဖြူကို အခွံခွာပြီး အချိန် အနည်းငယ်ကြာမှ စားပါ။ ကြက်သွန်ဖြူက လေနဲ့ ထိတွေ့ပြီးမှ ရောဂါကို ကာကွယ်ပေးနိုင်တဲ့ ဒြပ်ပေါင်းတွေကို ပိုထွက်လာစေပါတယ်။

ကြက်သွန်ဖြူကို လှီးဖြတ်ပြီး ၁၀ မိနစ်ခန့်ထားပါ

ကြက်သွန်ဖြူကို လှီးဖြတ်ပြီးချိန်မှာ စဉ်းနှီတုံးပေါ်ကို ၁၀ မိနစ်လောက် ထားပေးပါ။ ကြက်သွန်ဖြူဟာ သွေးတိုးကို ကျစေတဲ့အပြင် ကင်ဆာရောဂါကိုပါ ကာကွယ်ပေးနိုင်တဲ့ အစွမ်း ရှိပါတယ်။

ဖတ်ရှုသူ 26 ဦးရှိပါပြီ
အမျိုးအစား/ကဏ္ဍ: ကျန်းမာရေးဆောင်းပါး

မြန်မာလူမျိုး - ( ယောအတွင်းဝန် ဦးဖိုးလှိုင်၏ ရာဇဓမ္မသင်္ဂဟကျမ်း)

မြန်မာလူမျိုး -( ယောအတွင်းဝန် ဦးဖိုးလှိုင်၏ ရာဇဓမ္မသင်္ဂဟကျမ်း)
ယောအတွင်းဝန် ဦးဖိုးလှိုင်၏ ရာဇဓမ္မသင်္ဂဟကျမ်းတွင် မြန်မာလူမျိုး အသုံးအနှုန်းကို ဤသို့ တွေ့ရသည်။
*****************
မြန်မာ့သမိုင်းမှာ ပြည်သူလူထုအပေါ် တရားမျှတစွာ အုပ်ချုပ်တဲ့ မင်းတွေရှိခဲ့သလို၊ ပြည်သူကို နှိပ်စက်တဲ့ မင်းတွေလည်း အုပ်စိုးခဲ့ပါတယ်။ အဲဒီလိုကွဲပြားတဲ့ မင်းတွေရှိခဲ့သလို မင်းမှုထမ်းတွေမှာလည်း မင်းလိုလိုက် မင်းကြိုက်ဆောင်သူတွေနဲ့ မှန်ရာကို ပြောရဲ၊ ရေးရဲ၊ လုပ်ဆောင်ရဲတဲ့သူတွေဆိုပြီး ကွဲပြားစွာ ရှိခဲ့ပါတယ်။ ဒီလို မှန်ရာကို တင်ပြ လုပ်ဆောင်ရဲသူများထဲက စံပြုထိုက်သူတစ်ဦးကတော့ ရွှေပြည်ဝန်ကြီး ဦးဘိုးလှိုင်ဖြစ်ပါတယ်။
ယောအတွင်းဝန်၊ ရွှေပြည်ဝန်၊ ယောမင်းကြီး၊ ရွှေပြည်မင်းကြီး၊ ဝက်မစွတ်မြို့စား၊မကွေးမြို့စား ဝန်ရှင်တော်မင်းကြီး၊ သတိုးမင်းကြီး မဟာမင်းခေါင် သီဟသူ စသဖြင့် အမျိုးမျိုး ခေါ်တွင်ကြတဲ့ ဦးဘိုးလှိုင်ကို ကွယ်လွန်သူ စာဆိုကြီး ဆရာမောင်ထင်ကတော့ 'မြန်မာ့ နိုင်ငံရေးသုခမိန်ကြီး' လို့ တင်စားခေါ်ဆိုခဲ့ပါတယ်။
ဆရာမင်းယုဝေ ကလည်း သူ့ရဲ့ 'ပထမ မြန်မာများ' စာအုပ်မှာ 'ယောမင်းကြီး ဦးဘိုးလှိုင် (ပထမ သိပ္ပံစာပေ ပြုစုသူ)' လို့ ကမ္ပည်းတင်ခဲ့ပါတယ်။
မြန်မာ့စွယ်စုံကျမ်းမှာလည်း 'မြန်မာ့နိုင်ငံရေးနှင့် အုပ်ချုပ်ရေး အတွေးအခေါ် အယူအဆတို့ကို ခေတ်နှင့်လျော်အောင် တိုးတက်ဖွံ့ဖြိုးစေရန် ကြံဆရွက်ဆောင်ခဲ့သော မြန်မာ့နိုင်ငံရေးသုခမိန်' လို့ ဖော်ပြခဲ့ပါတယ်။
သူဟာ သက္ကတ၊ ပါဠိ၊ မြန်မာစာပေတို့ကို နှံ့စပ်ရုံတင်မက အနောက်တိုင်း ဝိဇ္ဇာ သိပ္ပံပညာရပ်တွေမှာပါ နှံ့စပ်သူဖြစ်ပါတယ်။ ဒါကြောင့် အနောက်တိုင်းက ရတဲ့ ပညာဗဟုသုတတွေကို မြန်မာပစ္စည်းဖြစ်အောင် ကြံဆောင်ရင်း မြန်မာ့ရိုးရာကို ထိန်းသိမ်းပေးခဲ့ပါတယ်။
မင်းတုန်းမင်း လက်ထက်ကနေ သီပေါမင်းလက်ထက်အထိ အတွင်းဝန်၊ မြို့စား၊ အတိုင်ပင်ခံ ပညာရှိ စတဲ့ရာထူးတွေနဲ့ အမှုထမ်းနေစဉ်မှာပဲ မြန်မာစာပေလောကမှာ ထင်ရှားတဲ့ ကျမ်းအစောင်စောင်ကို ရေးသားပြုစုခဲ့ပါတယ်။
ဦးဘိုးလှိုင်ကို မြန်မာ့နိုင်ငံရေးသုခမိန်လို့ ဘာကြောင့်ခေါ်ဆိုပါသလဲ။
မြန်မာ့ဂန္ထဝင်မှာ ပေါ်ပေါက်ခဲ့တဲ့ ရှေးနီတိကျမ်းတွေက ရှေးရိုးစဉ်လာ မြန်မာ့အတွေးအခေါ် အယူအဆတို့ကို နိုင်ငံခြားနဲ့ ကူးလူးဆက်ဆံရာက ရရှိတဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးအသိတွေနဲ့ နှိုင်းယှဉ်ပြီး သူ့ခေတ် မြန်မာနိုင်ငံသားတွေကို အမြင်သစ် ပေးနိုင်ခဲ့ပါတယ်။
သူ့ရဲ့ 'ရာဇဓမ္မသင်္ဂဟကျမ်း'ဟာ အဲဒီသဘောဖြစ်ပြီး ဒီကျမ်းတစ်စောင်တည်းနဲ့ နိုင်ငံရေးသုခမိန် ဆိုတဲ့ ပညတ်ကို ခံယူထိုက်တယ်လို့ ဆိုကြပါတယ်။ သက်ဦးဆံပိုင်စနစ်အောက်မှာ ဒီလို ကျမ်းမျိုး ရေးသားဝံ့တဲ့ အချက်ကလည်း ဦးဘိုးလှိုင်ရဲ့ သတ္တိကို ဖော်ပြနေပါတယ်။
ဦးဘိုးလှိုင်ဟာ ရာထူး စည်းစိမ်ကို မငဲ့ဘဲ မှန်ရာကို ပြောဆို၊ လုပ်ဆောင်ခဲ့တဲ့အတွက် မကြာခဏ ရှင်ဘုရင်ရဲ့ အမျက်တော်ရှခြင်းကို ခံခဲ့ရပြီး ၃ ကြိမ်မက ရာထူးစည်းစိမ် နုတ်သိမ်းခြင်းခံခဲ့ရသလို အကျယ်ချုပ် ချတာကိုတောင်ခံခဲ့ရပါတယ်။ ဥပမာအားဖြင့် မင်းတုန်းမင်းလက်ထက်မှာ သမီး၊ နှမ တို့ကို ပေးဆက်ထားတဲ့အတွက် အခွင့်အရေးရနေတဲ့ အမှုထမ်းတစ်ဦးနဲ့ပတ်သက်ပြီး ပညာမဲ့အမတ်တို့ ဘုန်းကြီးရင် ပြည်ရွာပျက်တတ်တဲ့အကြောင်း မင်းတုန်းမင်းတရားကို လျှောက်ထားခဲ့ပါတယ်။
ဒီအခါ ဘုရင်အမျက်ထွက်ပြီး လှံကိုကောက်ကိုင်ရင်း “သည်လှံနဲ့ မောင်မင်းကို စီရင်တာ ခံချင်သလား”လို့ မေးတော့ ဦးဘိုးလှိုင်က “ထိုးတော်မူပါဘုရား”လို့ ဆိုရင်း ရင်ဘတ် ကော့ပေးခဲ့ပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး တခြားမှူးမတ်တွေက ရဲတင်းလွန်းတယ်လို့ ပြောကြတော့ ဦးဘိုးလှိုင်က
“ကျွန်ုပ်အဖို့ လှံနှင့်ထိုးသတ်၍ သေရခြင်းကား မြတ်သည်။ နေရာတိုင်း မင်းလိုလိုက်၍ စီမံသော မကောင်းမှုဖြစ်ပွားနေသည့်အတွက် နိုင်ငံတော် ပျက်စီးခြင်း ဖြစ်ရလေသည်ဟု ဤနာမည်မျိုး ကျန်ရစ်ခဲ့ပါလျှင် သေကျိုးမနပ် ဖြစ်သည်။ ထိုမကောင်းသော အပုပ်နံ့သည် တထောင်းထောင်းနှင့် လူအပေါင်းတို့ နှာခေါင်းရှုံ့ကြမည်ကို ကြောက်စရာကောင်းသည်။ မှူးမတ်ဆိုသည့်အတိုင်း၊ အကြီးအမှူး ဖြစ်သည့်အတိုင်း တည့်တည့်မတ်မတ်ဖြစ်အောင် စီမံခန့်ခွဲလျက် လျှောက်တင်ခွင့်ရှိက အသက်ကိုစွန့်၍ ရဲရဲဝံ့ဝံ့ တင်ကြရမည်။ သို့မှ မှူးမတ်နှင့်တူသည်”
လို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။
ဒီဖြစ်ရပ်ရဲ့ နောက်ဆက်တွဲကတော့ အကျယ်ချုပ်နဲ့ ရာထူးအချခံခဲ့ရတာပဲဖြစ်ပါတယ်။ ဒီလို ရာထူးက ချလိုက်၊ လိုအပ်တဲ့အခါ ပြန်ခေါ်လိုက် ဖြစ်ရပေမယ့် ဦးဘိုးလှိုင်က
မှန်ရာကို ပြောဆို လုပ်ဆောင်ရင်း အမှုထမ်းခဲ့ပါတယ်။ သီပေါမင်းလက်ထက်မှာ ပြုစုခဲ့တဲ့ 'ရာဇဓမ္မသင်္ဂဟကျမ်း'ဟာ သက်ဦးဆံပိုင် ဘုရင်စနစ်အရ အုပ်ချုပ်မှုကို
တော်လှန်ပြီး ပြည်သူ့အာဏာနဲ့ အုပ်ချုပ်မှုကို ကြိုဆိုတဲ့ကျမ်းဖြစ်ပါတယ်။
ဒါကြောင့် ဘုရင်က မနှစ်သက်ပါဘူး။ ဒီကြားထဲ “ဘုရင်မင်းမြတ်ဟာ အလွန်အသုံးအဖြုန်းကြီးတယ်။ ဘဏ္ဍာတော်ဆိုတာ ဆင်းရဲသားတွေရဲ့ ချွေးနှဲစာကနေ ညှစ်ထုတ်ယူထားတာ ဖြစ်တဲ့အတွက် ကျောက်ခဲသလဲလို သဘောမထားသင့်ဘူး” ဆိုပြီး ဘုရင့်ဘဏ္ဍာရေးကို ကန့်သတ်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဒီအခါ မိဖုရားက မခံနိုင်ဖြစ်ပြီး “ရှင်ဘုရင်လုပ်ရတာ ငလှိုင်ပေးသရွေ့နဲ့ စားရမှာလား”လို့ ဒေါသနဲ့ ပြောဆိုတာကို သီပေါမင်းကလည်း နားယောင်တဲ့အတွက် ဦးဘိုးလှိုင်ကို ရာထူးချလိုက်ပါတော့တယ်။
ဒီအကြိမ်ဟာ နောက်ဆုံးအကြိမ် ရာထူးကျခြင်းဖြစ်ပြီး ရာထူးပြန်လည်ပေးအပ်ခြင်း မရှိတော့ပါဘူး။ ဒါပေမယ့် ဦးဘိုးလှိုင်က မတုန်လှုပ်ဘဲ ခြံဥယျာဉ်အလုပ်ကို လုပ်ရင်း တဖက်က စာပေကျမ်းဂန် ပြုစုခြင်းအလုပ်ကို လွတ်လွတ်လပ်လပ် လုပ်ကိုင်ခဲ့ပါတယ်။ ပဒေသရာဇ်စနစ်အတွင်း ရှင်ဘုရင်ကို ဝေဖန်ဆုံးမတဲ့ ဦးဘိုးလှိုင်လို ရဲဝံ့သူ ပေါ်ပေါက်ခဲ့ခြင်းနဲ့ ပတ်သက်လို့ အားရစရာကောင်းသလို၊ ဒီလို ပညာရှိမျိုးကို အာဏာပိုင်တွေက အသက်သေကြေအောင် မလုပ်ဆောင်ခဲ့တာဟာလည်း အတုယူ ဆင်ခြင်စရာ ဖြစ်ပါတယ်။
မြန်မာသက္ကရာဇ် ၁၁၉၁ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ ဦးဘိုးလှိုင်ဟာ သက္ကရာဇ် ၁၂၄၅ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ အသက် ၅၄ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ရပေမယ့် ဦးဘိုးလှိုင်ရေးသားခဲ့တဲ့ ဝိဇ္ဇာ သိပ္ပံဆိုင်ရာ ကျမ်းပေါင်း ၁၄ ကျမ်းက ခေတ်အဆက်ဆက် ကိုးကားလေ့လာစရာ စာပေတွေအဖြစ် ကျန်ရစ်ခဲ့ပါတယ်။ အဲဒီထဲက လောကဓာတ်ဆေးကျမ်း၊ သဒ္ဒသင်္ဂဟကျမ်း၊ ဝိမုတ္တိရသကျမ်း၊ မဟာသမ္မတ ဝိနိစ္ဆယကျမ်း၊ ကာယာနုပဿနာကျမ်း၊ ရာဇဓမ္မသင်္ဂဟကျမ်း၊ ဥတုဘောဇနသင်္ဂဟကျမ်း တို့ဟာ မြန်မာစာဖတ်ပရိသတ်နဲ့ ရင်းနှီးနေတဲ့ အမည်တွေ ဖြစ်ပါတယ်။ အခုဖော်ပြခဲ့တဲ့ ဘာသာရေးကျမ်း၊ ဆေးပညာကျမ်း၊ နီတိကျမ်းတွေအပြင် ကြေးနန်းရိုက်နည်းကို တီထွင်ပြသထားတဲ့ လိပိဒိပိကာကျမ်း၊ လိလာဝတီ ဂဏန်းကျမ်းတို့ကိုလည်း ပြုစုခဲ့ပါတယ်။ ဦးဘိုးလှိုင်ဟာ သိပ္ပံပညာကျမ်းတွေကို ပြုစုတဲ့အခါ မြန်မာတွေ ရင်းနှီးပြီးသား အသုံးအနှုန်းတွေနဲ့ ဖော်ပြနိုင်ဖို့ အားထုတ်ခဲ့သလို၊
ကျစ်လျစ်တဲ့ ဘာသာပြန်ဆိုမှု တွေ့ရတယ်လို့ ပညာရှင်များက မှတ်ချက်ချကြပါတယ်။ ဘာသာပြန်ရာမှာလည်း အသံလှယ် ပြန်ဆိုမှုတွေအပြင် Carbon (ကာဗွန်) ကို မီးသွေး၊
Acid (အက်စစ်)ကို ငရဲမီး၊ Beer (ဘီယာ)ကို ဗျစ်ခါး စသဖြင့် မြန်မာဘာသာနဲ့ ပြန်ဆိုသုံးနှုန်းခဲ့ပါတယ်။
ဦးဘိုးလှိုင်ဟာ သူရသတ္တိနဲ့ပြည့်စုံတဲ့သူ ဖြစ်တဲ့အပြင် အလွန် ဖြောင့်မှန် ပွင့်လင်းသူ၊ ပြတ်သားသူ၊ ဘယ်သူ့ကိုမှ ရန်မပြုသူဖြစ်တယ်လို့ သိရပါတယ်။ သူ့ကို ရာထူးကျအောင် ကုန်းချောသူ သေသွားတာကိုတောင် ဝမ်းသာအားရမဖြစ်ဘဲ “သူသေတာ ငါနဲ့မဆိုင်ပါဘူးကွယ်။ သူလည်း သူ့ကံနဲ့သူ၊ ငါလည်း ငါ့ကံနဲ့ငါပါ။ သည်ဟာနှင့် စပ်လျဉ်းလို့ နောက်ထပ် မည်သူ့ကိုမျှ မပြောလေနှင့်” လို့ ပြောဆိုခဲ့ပါတယ်။
အခုဆိုရင် ပညာရှင် ဦးဘိုးလှိုင် ကွယ်လွန်ခဲ့တာ နှစ်ပေါင်း ၁၂ဝ ကျော်ခဲ့ပါပြီ။ ဒါပေမယ့် သူ့ရဲ့ လေးစား အတုယူစရာ စိတ်ဓာတ်တွေနဲ့ လုပ်ဆောင်မှုတွေက စာပေများကတဆင့် ဆက်လက်ရှင်သန်နေဆဲ ဖြစ်ပါတယ်။ ။
**ထိန်လင်း**Monday, December 19, 2011
http://jacbaburma.blogspot.com/2011/12/blog-post_4503.html
**From—Lu Bo**