Thursday 27 December 2012

ခေတ်ဟောင်းသီချင်းများ

ဟိုယခင်ကခေတ်ဟောင်းတေးသီချင်းတွပါ၊ ခင်မောင်ရင် သီဆိုထားဒါပါ--
၁။ အချစ်ဆုံး

၂။ အယူတော်မင်္ဂလာ

၃။ ဘိုးဘိုးအောင်

၎။ လေးသမား

၅။ မိုးနတ်ခင်

၆။ နဂါနီ

၇။ ဆိပ်ကမ်းသာ

၈။ တာဝန်

၉။ တောသားကြီး

၁၀။ သိကြားသာသနာ

တေးသီချင်းခေါင်းစဉ်များကို နှိပ်၍ဒေါင်းယူနိုင်ပါတယ်။

Wednesday 26 December 2012

ခေါင်းစဉ်နဲ့ ပို့စ် လင့်ချိတ်နည်း အပြည့်အစုံ

 သည်နေ့တင်မဲ့အကြောင်းရာလေးကတော့ တော်တော်များများ သိနေကြပြီးဖြစ်တဲ့ နည်းပညာလေးတရပ်ပါ။
cbox မှာ ညီလေးတစ်ယောက်တောင်းဆိုထားလို့ အသစ်ဘလော့ကာလေးတွေအတွက် အခြေခံ ကျကျရှင်းပြလိုက်ရပါတယ်... သိသူများ ကျော်ဖြတ်သွားလိုက်ပါ။

လူဆိုး: ကူညီလို့ရရင်ကူညီပါဦး ကျွန်တော် drop down menu လုပ်ပီးတော့ အဲဒီmenu အောက်မှာ ခေါင်းစဉ်ထည့်လို့မရဘူးဖြစ်နေတယ် တင်သမျှပို့တေါကို အဲဒီခေါင်းစဉ်အောက်ကိုရောက်ချင်တာ ဘယ်လိုလုပ်ရမတုန်း
 ကဲ ညီလေး လူဆိုးးးရေ ကြည့်နော်..
အဆင့်(၁) ။             ။  ညီလေးဘလော့မှာ labels ဆိုတဲ့ ၀ိတ်လေးထည့်ထားရပါမယ်...
                               အဲမှာဘဲ ညီလေး တင်ထားသမျှ ပို့စ်ခေါင်းစဉ်တွေ ရှိနေမှာပါ။ တစိခုကြိုပြောခြင်တာက.. ပို့စ်နဲ့ tab menu တွေလင့်ချိတ်တဲ့အခါမှာ ကိုယ်လိုခြင်တဲ့ ခေါင်းစဉ် မှန်သမျှကို ပို့စ် တစ်ခုဆီတော့ အပြည့်အစုံ တင်ထားစေခြင်တယ်...
ဥပမာ... မိမိက ဘလော့မှာ..ာထးခြင်တဲ့ေါခင်းစဉ်တွေက
(၁) ကဗျာ   (၂)  သုတ-ရသ   (၃) ဆောင်းပါး  (၄)  ဘာသာရေး   (၅)  သီချင်းကဏ္ဍ (၆) သတင်းရပ်ဝန်း
စတဲ့...စတဲ့   ခေါင်းစဉ်တွေပေါ့... အိုကေ အဲခေါင်းစဉ်တွေအတွက်  ပထမဆုံး ပို့စ်တစ်ခုဆီ အရင် မိမိ ဘလော့ပေါ် တင်ထားလိုက်ပါ။
ဒါက လင့်ချိတ်တဲ့အခါ တစ်ခ့ထဲ ပြီးးအောင် လုပ်တဲ့ နည်းပါ... မဟုတ်ဘဲ ခဏခဏ html မှာ ၀င်ကလိနေရင် မှားတတ်ပါတယ်... html ကအရေးကြီးပါတယ်.. အမှားမခံပါဘူးးးး
အိုကေ...ပို့စ်တွေတင်ပြီးလို့  လိုခြင်တဲ့ ခေါင်းစဉ်တွေ အစုံ labels မှာ ရှိနေပြီဆိုရင် လင့်ချိတ်မယ်..
စပြီနော်.........
(၁) Labels ထဲက ခေါင်းစဉ်တစ်ခုကို မောက်တင်ပါ (ဥပမာ။   ။ ကဗျာ) အဲပေါ်မောက်တင်ပါ
(၂) right click ပေးလိုက်ပါ ဘောက်လေးကျလာမယ်...
(၃) အဲထဲက  copy link location ဆိုတာကို ကလစ်လိုက်ပါ
(၄) ဒါဆို သင့် မောက်ထဲမှာ  အဲခေါင်းစဉ်ရဲ့  လင့်တွေ ကော်ပီယူထားပြီးနေပါပြီ..
ပုံကိုကြည့်လိုက်ပါ


အဆင့် (၂)  ။                             ။  နောက် window တစ်ခုထပ်ဖွင့်ပြီးတော့..
                           (1)- ဘလော့ကာဝင်ပါ  Dashboard > Template> Edit HTML  အစဉ်လိုက်
 (2)-  the Expand Widget နေရာမှ အမှန်ဖြစ်ခဲ့ပေးပါ။
    (3)-  Ctrl + F  အကူညီဖြင့် အောက်ကကုဒ်ကို ရှာလိုက်ပါ။
Home ကိုရှာလိုက်ပါ.. တစ်ခါတည်းနဲ့ မိမိ menu တွေမပေါ်ပါက Enter ကိုခေါက်ပေးပါ..မတွေ့မချင်း ခေါက်လိုက်ပါ...တွေ့တာနဲ့ အဲမှာ ( # ) ဆိုတဲ့နေရာလေးမှာ အထက်ပေါ်က ပုံက copy link location လုပ်လာတာကို past ချရမှာပါ.. 
ကဗျာ ကိုယူလာတာဆို  သည်မှာလဲ ကဗျာ ရဲ့ရှေ့က # နေရာကိုဘဲ ချပေးပါ။ 
တခြားခေါင်းစဉ်တွေ အတွက်လဲ ထိုနည်းတူပါဘဲ..
အောက်ကပုံလေးကြည့် လုပ်လိုက်ပါ။
အကောင်းဆုံးကတော့ တကြိမ်တည်းးနဲ့ ရှိသမျှ ခေါင်းစဉ်တွေအားလုံးး ချိတ်ပေးတာ ကောင်းပါတယ်.
ခဏခဏ၀င်ရင်  မျက်စိလည်ပြီးး မှားတတ်ပါတယ်.. အဆင်ပြေပါစေလို့ ဆုတောင်းလျှက်..။
ကဲ ညီလေး   လူဆိုးးး ကေကေနော်.. မပြေလဲ ပြောပေါ့..

မှတ်သားထားသင့်တာကတော့ သည်နည်းလမ်းလေးက တက်ပလက်တွေကနေ အော်တိုပါလာတဲ့
ခေါင်းစဉ်တွေ လင့်ချိတ်တဲ့နည်းလေးပါ...အဆင်ပြေမှာပါနော်.. မိမိတို့က အော်တိုပါလာတာမဟုတ်ဘဲ
ဘလော့ Layout...Java/Script ကနေထည့်တဲ့ ခေါင်းစဉ်တွေအတွက်တော့... ဆက်လက်ပြီး
သည်နေရာလေးမှာ   လေ့လာလိုက်ပါနော်...



Window7 တင်နည်း စာအုပ်(မြန်မာ)



Service လုပ်နေတဲ့သူတွေအတွက်တော့မလိုပါဘူး ကိုယ်တိုင်မလုပ်တတ်သေးသူများအတွက်အသုံးတည့်မယ်ထင်ပါတယ် ရှာဖွေ
ရင်းတွေ့လို့တင်ပေးလိုက်ပါတယ်
download here!

ကွန်ပျူတာကနေ Viberသုံးပြီးဖုန်းဖရီးခေါ်မယ်





u

ဒီကောင်လေးကတော့ Viber for pc software လေးဖြစ်ပါတယ်--- မိမိတို့ ၇ဲ့ စက်ကနေပြီးတော့ ဖုန်းကို ခော်ဆို ၇န် အတွက် ဖြစ်ပါတယ်----- ဒီကောင်လေးကို အသုံးပြုမယ်ဆို၇င် အ၇င်ဆုံးသိထား၇မှာ ကတော့ မိမိတို့ ဆက်သွယ်ချင်တဲ့သူဆီမှာ viber ၇ှိ၇မှာဖြစ်ပါတယ်(နက်ချိတ်ပြီး)။ အ၇င်ဆုံး မိမိတို့ ၇ဲ့ ကွန်ပျူတာမှာ အောက်က software လေးကို  run ရ မှာဖြစ်ပါတယ်--- ကွန်ပျူတာကနေ ဖုန်းကိုခော်ဆိုနိုင်လို့ ရတဲ့အပြင် pc to pc လဲ ခော်ဆိုလို့ ၇ပါတယ်--- ကျွန်တော့်လို  ဖုန်းမကိုင်နိုင်တဲ့ သူအတွက်တော့ အဆင်ပြေတယ်ဗျ ---- free call ခော်ဆို၇တာ ဖြစ်တဲ့ အတွက် ပြည်တွင်း ကော ပြည်ပ ကော ပိုက်ပိုက် ကုန်တော့ ဘူးပေါ့ဗျာ---- message ထဲကနေလဲ ပုံတွေပါ ပိုလို့ ရပါတယ် ခင်ဗျာ----အဓိက က နက်ချိတ်ဆက် ထားဖို့ နဲ့  လိုင်းလေး ကောင်း၇င် ကို အဆင်ပြေပါတယ် ခင်ဗျာ---

လိုချင်တဲ့ သူများ အောက်က လင့်လေးကနေ download ယူလိုက်ပါ--
လုပ်ပုံလုပ်နည်းလေးကို အောက်မှာ ပုံလေးတွေနဲ့ ဖော်ပြပေးထားပါတယ်-----
အ၇င်ဆုံး software လေးကို ကလစ်နစ်ချက်ပေးပြီး run လိုက်ပါ--- အောက်က ပုံလေးအတိုင်း ပေါ်လာပါလိမ့်မယ်--- (continue) ကို ကလစ်ပေးလိုက်ပါ--


ပြီး၇င် Install ကို ကလစ်ပေးပါ----



အောက်က ပုံလေး အတိုင်းinstall လုပ်ပါလိမ့်မယ်-----



Install လုပ်ပြီးသွားတဲ့ အခါမှာတော့ အောက်က ပုံလေး ပေါ်လာမှာဖြစ်ပါတယ်---- (app search) ကို ကလစ်ပေးလိုက်ပါ------


search box လေးထဲမှာ viber လို့ ၇ိုက်ထည့်ပါ---ပြီး၇င် enter ခေါက်လိုက်ပါ---



အောက်က လိုမျိုး viber free call လေးကို ကလစ်ပေးလိုက်ပါ---



ပြီး၇င်တော့ အောက်က ပုံလေး အတိုင်းသူဘာသာ install လုပ်ပါတယ်---- ပြီးတဲ့ အခါ back arrow key ပုံလေးကို နှိပ်လိုက်ပါ-----



အောက်က လိုမျိုး home မှာ  viber လေး ပေါ်လာမှာဖြစ်ပါတယ်--- ပြီး၇င်တော့ အဲကောင်လေးကို ဖွင့်လိုက်ပါ-----



အပေါ်က အဆင့်တွေ အကုန်ပြီးသွားပြီဆို၇င်တော့ Viber လုပ်ပုံလုပ်နည်းလေး အတိုင်းဆက်ပြီးလုပ်၇မှာ ဖြစ်ပါတယ်---- ဖုန်းနံပါတစ်ခုဖြည့်၇ပါတယ်--- ပြီး၇င် မိမိတို့ ၇ဲ့  viber code ကို အဲဖုန်းကို မတ်စေ့ပိုပါလိမ့်မယ့်----- ဖုန်းဆိုတဲ့ နေ၇ာမှာ မိမိတို့ ဖြည့်တဲ့ ဖုန်းဟာ နက်ချိတ်ဆက်ထားဖိုလဲ မလိုပါဘူး--- viber အကောင့်မဖောက်၇သေးတဲ့ ဖုန်းဖြစ်ဖို့ လိုပါတယ် --ဘာလိုလဲဆိုတော့ တခြားသူက မိမိကို viber ခော်မယ်ဆို၇င် မိမိဖြည့်ခဲ့တဲ့ ဖုန်းနံပါတ်ကို ခော်ဆို၇မှာဖြစ်ပါတယ်---- အဲ့ချိန်မှာ မိမိတို့ ၇ဲ့ ဖုန်းကို viber call က မ၀င်ပါဘူး -- အဲဖုန်းနံပါတ်နဲ့ သုံးထားတဲ့ မိမိတို့ ကွန်ပျူတာက viber ကို ၀င်မှာဖြစ်ပါတယ်----

အားလုံးပြီ ပြီ ဆို၇င်တော့ အပေါ်က ပုံလေး အတိုင်း free  viber call ခေါ်ဆိုလို့ ၇ပြီ ဖြစ်ပါတယ်------
ကွန်ပြူတာသုံးနေသူတွေဆောင်ထားသင့်ပါတယ်.... ကျွန်တော် http://soepae.blogspot.com/ မှ ပြန်လည်မျှဝေတာပါ။ တကယ်လဲ အသုံးဝင်တာကြောင့် မာတီက ညီအကို၊မောင်၊နှမများလဲ အသုံးပြုနိုင်စေရန် မျှဝေလိုက်ပါတယ်...ကိုမိုးထက်မြင့်ဆီမှယူလာသည်

Wednesday 19 December 2012

ဆရာတော်ကြီးများ၏ တရားတော် ...ဒေါင်လော့ ဆိုက်များ


ဆရာတော် ဘုရားကြီးများ ၏ တရားတော်များ (တရားပေါင်း မြောက်များစွာ) ကို အောက်က လင်.တွေမှာ ဒေါင်းလို.
ရပါတယ်...တရားပေါင်း မြောက်များစွာ ရှိတဲ.အတွက် တစ်ပုဒ်ချင်း မဖော်ပြနိုင်လို.ပါ......အားလုံးကို ဓမ္မ ဒါနပြုအပ်
ပါတယ်.... IDM ရှိဖို.တော. လိုပါတယ်.... ပထမဦးဆုံး.... ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်
ဘုရားကြီး၏ တရား အခွေပေါင်း (၁၀၀ ) နီးပါးလောက်ကို ဒီမှာ ဒေါင်းနိုင်ပါတယ်....
http://www.dhammadownload.com/MogokSayadaw-mp3.htm



ဆင်ဖြူကျွန်းဆရာတော် ဦးဓမ္မသာရ ဟောကြားတော်မူသောတရားတော်များစွာကို လည်း ဒီမှာ ဒေါင်းနိုင်ပါတယ်.....
http://www.dhammadownload.com/SayaDaw-U-Dhammasara-mp3.htm



ဆရာတော်ဦးဃောသိတ အဂ္ဂမဟာ ကမ္မဋ္ဌာနာ စရိယ သာသနဓဇ သီရိပ၀ရ ဓမ္မာစရိယ မိုးကုတ်ဝိပဿနာအဖွဲ့ချုပ်
ပဓာန နာယက ဟောကြားတော်မူသောတရားတော်များ
http://www.dhammadownload.com/SayaDaw-U-GawThiTa-wma.htm
စကားချပ်........တစ်ဘ၀ သာသနာ ကျမ်းပြု ဆရာတော် အရှင်ဃောသိတ မထေရ်မြတ်၏ ရုပ်ကလပ်တော်မှ မီးမခပဲ
ကြွင်းကျန်ရစ်သော မျက်လုံးတော်၊ နှလုံးတော်၊ ချိတ်ဆက်နေသော အရိုးတော် နှင့် အခြားအရိုးတော်များ ရှိကြောင်း
သိရှိရပါတယ်....... ( အန္တီမ အဂ္ဂိဈာပနပူဇာ Video မှတ်တမ်း ) မှ.....



မိုးကုတ်ဝိပဿနာ ဇနိတရာမကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္ဘဇနိတာလင်္ကာရ
ဟောကြားတော်မူသောတရားတော်များ http://www.dhammadownload.com/SayaDaw-U-Zanita-mp3.htm




အနောက်ဂန့်ဂေါ မုံလယ်ဆရာတော် ဘဒ္ဒန္တ သံဝရ ဟောကြားတော်မူသောတရားတော်များ
http://www.dhammadownload.com/MoneLeiSayaDawUThanWaRa-mp3.htm




မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဥပနိသရခံ မိုးကုတ်ဝိပဿနာတရားစဉ်နှင့် လုပ်ငန်းစဉ်ပြန့်ပွားရေးအဖွဲ့ချုပ်ကြီး၏
နာယက ထူးကြီးဆရာတော် ဦးဣန္ဒာဝုဓာဘိဝံသ ဟောကြားတော်မူသောတရားတော်များ
http://www.dhammadownload.com/HtooGyi-SayaDaw-U-EindarWudarBhivamsa-mp3.htm ......
စကားချပ်......English လို တရား နာလိုသူများ ..( OR ) ...နိုင်ငံခြား သားတွေကို English လို ဟောသော တရားခွေ
များကို ဓမ္မ ဒါန ပြုလိုသူများ...ကျွန်တော်.ဆီ မှာ တောင်းနိုင်ပါတယ်.....ခင်ဗျာ....




ဆရာတော် ဦးအဂ္ဂဥာဏ ဟောကြားတော်မူသောတရားတော်များ
http://www.dhammadownload.com/SayaDaw-U-Agganyanna-mp3.htm



အောင်ဆန်း ဆရာတော် ဘဒ္ဒန္တ သဒ္ဓမ္မ ကိတ္တိသာရ မိုးကုတ် မဟာကမ္မဋ္ဌာနာစရိယ
ဟောကြားတော်မူသောတရားတော်များ http://www.dhammadownload.com/AungSan-SayaDaw-mp3.htm




ဦးဆန်းလွင် အရှင်အာဒိစ္စရံသီ (၁၉၃၈ - ၂၀၀၂) သင်ကြားပို့ချသော တရားတော်များ
http://www.dhammadownload.com/Ashin-Ardeiksayanthi-%28U-San-Lwin%29-mp3.htm




အရှင်ပုညာနန္န တရားတော်များ
http://www.dhammadownload.com/Ashin-PonnyarNanda-mp3.htm


မြောက်ဦးမြို့၊ ရတနာမာရ်အောင် တောရဓမ္မရိပ်သာ ပဓာနနာယက ဆရာတော် ကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တဝါယာမိန္ဒ
ဟောကြားတော်မူသော တရားတော်များ
http://www.dhammadownload.com/Mrauk-U-Sayadaw-WarYaMainda-mp3.htm



မင်္ဂလတိုက် (ဒယ်အိုးဆရာတော်) မိုးကုတ်ဝိပဿနာ မင်္ဂလရိပ်သာ ဆရာတော် ဥုးသုမင်္ဂလ ဟောကြားတော်
မူသောတရားတော်များ ( ....တရားတော် အပုဒ်ရေ ( ၂၀၀ )လောက်....အခွေပေါင်း ( ၇)ခွေ....)
http://www.dhammadownload.com/SayaDaw-U-ThuMinGaLA-mp3.htm



မိုးကုတ်ဆရာရောတ်ာဘုရားကြီး၏ ဥပနိသရခံ မိုးကုတ်မြို့ ဓမ္မရံသီဆရာတော် အရှင်သုနန္ဒ္ဒ ကမ္မဋ္ဌာနာစရိယ
ဟောကြားတော်မူသောတရားတော်များ http://www.dhammadownload.com/Bhaddanta-Thunanda-mp3.htm



မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဥပနိသရခံ မိုးကုတ်ဝိပဿနာတရားစဉ်နှင့် လုပ်ငန်းစဉ်ပြန့်ပွားရေးအဖွဲ့ချုပ်ကြီး၏
သာသနာပြု နယ်လှည့်ဓမ္မကထိက အောင်စင်္ကြာဆရာတော် အရှင်စန္ဒသီရိ
http://www.dhammadownload.com/AungSatkyarAshinSandasiri-mp3.htm



မိုးကုတ်ဆရာတော်ဘုးကြီး၏ ဥပနိသရခံ ပိုင်းလော့ ဆရာတော် အရှင်ဇေယျပဏ္ဍိတ မိုးညှင်း သိင်္ဂီ ကျောင်းတိုက်
ဟောကြားတော်မူသောတရားတော်များ
http://www.dhammadownload.com/PilotSayadawJeYaPandita-MP3.htm




အခုတစ်ခါ...... **** မဟာစည် ၀ိပဿနာ **** တရားခွေများကို ဆက်လက် တင်ပြပါ.မယ် ...ခင်ဗျာ....
ပထမဦးဆုံး.....ဆဌသံဂီတိပုစ္စက အဂ္ဂမဟာပဏ္ဍိတ နိုင်ငံတော်သြ၀ါဒစရိယ မဟာစည်ဆရာတော်ဘုရားကြီး
ဦးသောဘန မဟာသာရ ဟောကြားတော်မူသောတရားတော်များ တရားခွေ (၁၆ ) ခွေ......
http://www.dhammadownload.com/Mahasi-Sayadaw-U-Sobhana-Mahathera-mp3.htm




ချမ်းမြေ့ဆရာတော် အရှင်ဇနကာဘိဝံသ ဟောကြားတော်မူသောတရားတော်များ
http://www.dhammadownload.com/ChanMyaySayaDaw-Ashin-Janakabhivamsa-mp3-myanmar.htm



သဒ္ဓမ္မရံသီဆရာတော် ဥုးကုဏ္ဍလာဘိဝံသ ဟောကြားတော်မူသောတရားတော်များ
http://www.dhammadownload.com/Saddhammaramsi-SayaDaw-mp3-myanmar.htm




ဒုတိယ တော်ကူးဆရာတော်ကြီး ဘဒ္ဒန္တနာဝိက
http://www.dhammadownload.com/SecondTawKuSayadawGyi-Bhaddanta-NarWeiKa-mp3.htm



အဂ္ဂမဟာကမ္မာနစရိယ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဆရာတော်ဦးလက္ခဏ (ဓမ္မာစရိယ-ပါဠိပါရဂူ)
ဟောကြားတော်မူသောတရားတော်များ
http://www.dhammadownload.com/ChanMyaySayaDaw-U-Latkana-wma.htm



ဆရာတော် ဦးပဏ္ဍိတ မဟာစည် ၀ိပဿနာ
http://www.dhammadownload.com/Sayadaw-UPanDiTa-wma-myanmar.htm




မန္တလေးမြို့ မစိုးရိမ်တိုက်သစ် နာယကချုပ် ဆရာတော် ဦးဘဒ္ဒန္တ ရာဇဓမ္မာဘိဝံသ ဟောကြားတော်မူသောတရား
တော်များ http://www.dhammadownload.com/MasoyeinTaikthit-Sayadaw-Bhaddanta%20-RazadhamarBhivamsa-wma.htm




ဖြူးဆရာတော် ဦးနရပတိ ဟောကြားတော်မူသောတရားတော်များ
http://www.dhammadownload.com/Phu-SayaDaw-U-Narapati-mp3.htm




: **** ဖားအောက် ****ဆရာတော် တရားများ..... (တတိယ) ဖားအောက်တောရ ဆရာတော် ဟောကြားတော်
မူသောတရားတော်များ တရား အပုဒ်ရေ ( ၃၀၀ )လောက် ရှိပါတယ်.....
http://www.dhammadownload.com/PaAuk-Sayadaw-mp3.htm



အရှင်ရေ၀တ ဖားအောက်တောရ ကမ္မဋ္ဌာနာစရိယ ဟောကြားတော်မူသောတရားတော်များ တရားတော်...( ၅ )ခွေ
http://www.dhammadownload.com/Sayadaw-U-Revata%20-Pa-Auk-assistant-mp3-myanmar.htm




အရှင်သီလ ဖားအောက်တောရ ကမ္မဋ္ဌာနာစရိယ ဟောကြားတော်မူသောတရားတော်များ
http://www.dhammadownload.com/Sayadaw-U-Sila-Pa-Auk-assistant-wma.htm



 **** ဓမ္မဒူတ **** ဆရာတော်တရားတော်များ ဓမ္မဒူတ အရှင်ပညာဇောတ (တောင်စွန်းမြို့) ဟောကြားတော်
မူသောတရားတော်များ တရားတော် အခွေ (၁၀)ခွေ...
http://www.dhammadownload.com/DhammaDuta-Ashin-Pyannya-Jota-mp3.htm




သာသနဓဇ။ သဒ္ဓမ္မနေပုည။ သာသနဇောတိပါလ ဓမ္မာစရိယ။ ဓမ္မကထိက ဗဟုဇနဟိတဓရ ဓမ္မဒူတ ဒေါက်တာ
အရှင် ဆေကိန္ဒ ဟောကြားတော်မူသောတရားတော်များ တရား အခွေ (၇၈ )ခွေ
http://www.dhammadownload.com/Dhammaduta-Ashin-SayKaneDa-mp3.htm




ဒေါက်တာအရှင်ပညိဿရ ဓမ္မဒူတတောရ သာသနာရိပ်သာ ဆယ်မိုင်ကုန်း ၊ ပဲခူးမြို့ ...တရား အပုဒ်ရေ (၁၁၀)
http://www.dhammadownload.com/Dr-Ashin-PyinNyeintThara-mp3.htm




ကျေးဇူးတော်ရှင် မင်းကွန်းတိပိဋက ဓမ္မနာဒ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ၀ိစိတ္တသာရာဘိဝံသ (အာဒိကမ္မိက)
ပရိယတ္တိသာသနဟိက ဓမ္မာစရိယဝဋံသကာ၊ (အာဒိကမ္မိက) တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက၊ ဆဌသံဂီတိဝိဿဇ္ဇက
အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့
အကျိုးတော်ဆောင်ချုပ် ဟောကြားတော်မူသောတရားတော်များ တရား အခွေ (၆ )ခွေ နှင်. အခြားတရားတော်များ
http://www.dhammadownload.com/MinGunSayaDaw-mp3.htm




အမရပူရမြို့ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံ ဆရာတော် အရှင်ဇနကာဘိဝံသ ဟောကြားတော်မူသောတရားတော်
များ...တရား အပုဒ်ရေ (၁၀၀ )ကျော်.... http://www.dhammadownload.com/AshinJanakabhivamsa-mp3.htm



စစ်ကိုင်းတောင်ရိုး၊ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် အဓိပတိ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ
အဂ္ဂမဟာပဏ္ဍိတ အရှင်ဦးဥာဏိဿရ ဟောကြားတော်မူသောတရားတော်များ တရား တော် အခွေ ( ၄၅ )ခွေနှင်.
အပုဒ်ရေ ( ၁၀၀ ) နီးပါး..... http://www.dhammadownload.com/Sayadaw-UNyanissara-mp3-myanmar.htm




ရွှေကျင်ဂိုဏ်းကြီး၏ရတ္တညူမဟာနာယက ရွှေဥမင်တောရရိပ်သာနှင့်ရွှေဥမင်ဓမ္မသုခရိပ်သာပဓာနနာယက ရွှေဥမင်
ဆရာတော် ဟောကြားတော်မူသောတရားတော်များ
http://www.dhammadownload.com/ShweOoMin-SayaDaw-mp3.htm



 ပျင်းမနားမြို့ မဟာမြိုင်တောရ ဆရာတော်ဦးဇောတိက ဟောကြားတော်မူသောတရားတော်များ တရားတော်
အခွေ ( ၉) ခွေနှင်. သုတ္တန် တရားတော်များ.....
 http://www.dhammadownload.com/SayaDaw-UJotika-mp3-myanmar.htm



မိုးညှင်း ဆရာတော်ဘုရားကြီး ဟောကြားတော်မူသောတရားတော်များ
http://www.dhammadownload.com/MoeNyinSayadaw-mp3.htm



ကျေူဇူးတော်ရှင် ဓမ္မာနုပဿနာ ပခုက္ကူ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ ဣန္ဒောဘာသ အနိစ္စ ဆရာတော် ဟောကြား
တော်မူသောတရားတော်များ တရားတော် အပုဒ်ရေ ( ၃၀၀ ) နီးပါး...
http://www.dhammadownload.com/Bhaddanta-Eindawbartha-mp3.htm



ဘဒ္ဒန္တ နန္ဒမာလာဘိဝံသ M.A; Ph.D အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဝါစက ပဏ္ဍိတ ပါဠိ ပါရဂူ သ၊ စ၊ အ ဓမ္မာစရိယ
ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ် ပါမောက္ခချုပ် အပြည်ပြည်ဆိုင်ရာ အဘိဓမ္မာ
မဟာသိပ္ပံ ပါမောက္ခချုပ် စစ်ကိုင်းမြို့ သီတဂူ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ် စစ်ကိုင်းမြို့ မဟာသုဗောဓာရုံ
ကျောင်းတိုက်၊ တိုက်အုပ်ဆရာတော်။ တရားတော်....MP-3 အခွေ (၁၅) ခွေ ... DVD (၁၂ )တို. ပါဝင်ပါတယ်......
http://www.dhammadownload.com/Dr-Nandamalabhivamsa-mp3-myanmar.htm




အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ) ဟောကြားတော်မူသောတရားတော်များ ...MP-3 (၁၄ )ချပ်....
http://www.dhammadownload.com/Ashin-Sandadika-mp3.htm




မဟာသဒ္ဓမ္မဇောတိကဓဇ မြကျောက် ဆရာတော် ဘဒ္ဒန္တခေမာစာရ ဟောကြားတော်မူသောတရားတော်များ
http://www.dhammadownload.com/MyaKyauk-SayaDaw-wma.htm



ဆရာတော်ဦးပညာဝံသ ဟောကြားတော်မူသောတရားတော်များ Burmese Buddhist Temple Singapore 14
Tai Gin Road, Singapore 327873 Tel: (65) 6251 1717 တွင်ဟောကြားတော်မူသော တရားတော်များ
http://www.dhammadownload.com/SayaDaw-U-Pannya-Vamsa-wma-myanmar.htm



ဆရာတော် ဒေါက်တာ ဓမ္မဿာမိ Chief Abbot Oxford Buddha Vihara (UK) & Oxford Buddha Vihara
(Singapore) ဟောကြားတော်မူသောတရားတော်များ
http://www.dhammadownload.com/SayaDaw-U-Dhammasami-mp3-myanmar.htm




မဟာဗောဓိမြိုင် ဆရာတော် ၀န၀ါသီ အရှင် ဉေယျဓမ္မသာမိမထေရ် ဟောကြားတော်မူသောတရားတော်များ
MP-3 ........DVD-1 http://www.dhammadownload.com/MahabodhiMyaing-Sayadaw-mp3.htm



ကြာနီကန်ဆရာတော် ဟောကြားတော်မူသောတရားတော်များ တရား အပုဒ် ( ၁၀၀ ) နီးပါး....
http://www.dhammadownload.com/KyarNiKan-Sayadaw-U-Zadila-mp3.htm



ပဲခူး အောင်သုခ ဆရာတော် ဦးစန္ဓိမာ ဟောကြားတော်မူသောတရားတော်များ
http://www.dhammadownload.com/BagoAungThuKha-Sayadaw-U-Sandima-mp3.htm



မြစင်္ကြာ ဆရာတော် ဦးလက္ခဏ ဟောကြားတော်မူသောတရားတော်များ
http://www.dhammadownload.com/MyaSatkyar-U-Latkana-wma.htm



တိပိဋကဓရ-အဂ္ဂမဟာပဏ္ဍိတ ယောဆရာတော် ဘဒ္ဒန္တသီရိန္ဒာဘိဝံ ဟောကြားတော်မူသောတရားတော်များ
MP-3 ( 26 )......ခွေ http://www.dhammadownload.com/YawSayaDawSirinandabhivamsa-mp3.htm



ကျေးဇူးရှင် အောင်မဂ်လာ ဆရာတော် ဘဒ္ဒန္တ ရာဇိန္ဒ္ဒ ဟောကြားတော်မူသောတရားတော်များ MP-3 ( ၉ )......ခွေ
http://www.dhammadownload.com/AungMingalaSayadawBhaddantaRajinda-mp3.htm



မိုးညှင်းသိင်္ဂီ ဆရာတော် အရှင်ဇေယျပဏ္ဍိတ ဟောကြားတော်မူသောတရားတော်များ
http://www.dhammadownload.com/MoeNyinTheinGi-U-ZayYaPanDita-mp3.htm



အရှင်ဇ၀န (မေတ္တာရှင်) ရွှေပြည်သာ မန္တလေးကျောင်း၊ ရွှေပြည်သာမြို့ ၊ ရန်ကုန်တိုင်း ဟောကြားတော်မူသော
တရားတော်များ ၀ိပဿနာ အလုပ်ပေးတရားတော်များ.....DVD ( 28) ခွေ နှင်. အခြားတရားတော်များ....
http://www.dhammadownload.com/Ashin-Zawana-mp3.htm



ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ လိမ္မော်ခြံကျေးရွာ မြစိမ်းတောင်ဆရာတော် ဘဒ္ဒန္တ ဇာနေယျ ဟောကြားတော
်မူသောတရားတော်များ MP-3 (10 ) ခွေ...အခြားတရားတော်များ..( ၃၀၀ ) ပုဒ်
http://www.dhammadownload.com/MyaSeinTaungSayadaw-Bhaddanta-ZarNayYa-mp3.htm




သဲအင်းဂူဆရာတော်ဘုရားကြီး ဦးဥက္ကဋ္ဌ တရားတော် MP-3 ( 6 ) ခွေ
http://www.dhammadownload.com/TheeInnGuSayadaw-UOakKaHta-mp3.htm



အရှင်ဣန္ဒာစာရာဘိဝံသ ဟောကြားတော်မူသောတရားတော်များ အပုဒ် ( ၁၇၀ )နီးပါး....
http://www.dhammadownload.com/Ashin-Eindasaravimasa-mp3.htm



mintunkyaw09 02-22-2011, 08:43 PM :) စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ခတက္ကန် တောင်ရွာ မဟာဗောဓိတထောင်
ဆရာတော်ဘုရားကြီး အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ နာရဒ ဟောကြားတော်မူသောတရားတော်များ
http://www.dhammadownload.com/Mahabodhi-Ta-Htaung-Sayadaw-AudioInMyanmer.htm




သကျသီဟ ဝဋံသကာ၊ ပါဠိ သိရောမဏီ၊ ဘီအေ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ (နဝမ) ဗန်းမော်
ဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဌ၊ ရန်ကုန်မြို့
အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ်၊ တိပိဋကနိကာယကျောင်းတိုက်
စာချနာယကချုပ်၊ ဟောကြားတော်မူသောတရားတော်များ တရားတော် DVD ( 1 ) ခွေ အပါအ၀င် အခြား
တရားတော်များ....စာအုပ်များ....
http://www.dhammadownload.com/Bamaw-Sayadaw-Dr-Bhaddanta-Kumarabhivamsa-mp3.htm




ဆားတောင်ဆရာတော်ဘုရားကြီး ဦးပညာဏိက
http://www.dhammadownload.com/SarTaungSayadawGyi-UPannyaNika-mp3.htm



အရှင်တိက္ခဥာဏာလင်္ကာရ ပရိယတ္တိသာသနာ လင်္ကာရ သာမဏေကျော်ဘွဲ့၊ သာသာနဓဇဓမ္မာစရိယဘွဲ့၊ ၀ိနယ
ဝိဒူဘွဲ့ MA Buddhism (Sri Lanka) ဘွဲ့ရ International Kanni Foundation အတွင်းရေးမှူး
http://www.dhammadownload.com/AhshinTeikkanyarnaLinkara-MP3InMyanmar.htm




ညောင်တုန်း ဆရာတော် ဘဒ္ဒန္တဇောတိကဘိဝံသ သာသနဓဇဓမ္မာစရိယ၊ သာသနပါလဓမ္မာစရိယ၊ ဥဘတောဝိဘင်္ဂဓရ
ဟောကြားတော်မူသော တရားတော်များ
http://www.dhammadownload.com/Nyaungdon-Sayadaw-Bhaddanta-Jotika-Bhivamsa-mp3.htm



**** လူဝတ် ဓမ္မ ကထိက များ****
ရဟန်း ဓမ္မ ကထိကများ ရှိသလို ...သာသနာ ပြန်.ပွားရေး အတွက် လူ ဓမ္မကထိကများလည်း ရှိပါတယ်.....
ဘယ်သူပဲ ဟောဟော ပါ....ဘုရား တရား နာတာပါ......ကျွန်တော်တို.ဟာ ဘုရား သာဝကလား( ဘုရား ဟော မှ
သံသရာက ကျွတ်မှာလား )....ရဟန်း သာဝကလား.... လူပုဂ္ဂိလ် ဟော မှ ကျွတ်မှာလား ဆိုတာ မသိနိုင်ပါဘူး......
ဘယ်သူပဲ ဟောဟောပါ တရား နာရတဲ. အတွက် အနဲဆုံး ကုသိုလ်တော. ရပါကြောင်း နိဗ္မာန် အကျိုးမျှော်
နိုးဆော် အပ်ပါကြောင်း.....
ဒေါက်တာမင်းတင်မွန် http://www.dhammadownload.com/Dr-MehmTinMon-mp3-myanmar.htm
Saya Gyi U Htay Aung ဆရာကြီး ဦးဌေးအောင် သင်ကြားပို့ချသော တရားတော်များ
http://www.dhammadownload.com/SayaGyi-U-HtayAung-wma-myanmar.htm




မဟာသဒ္ဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ့ ကမ္မဌာန်း နည်းပြ ဆရာကြီး ဆရာကြီးဦးသန်းရွှေ (ဒလ-အံ့ကြီး)
ဒလမြို့-အံ့ကြီးရပ်ကွက် လယ်တီဆရာတော်ဘုရားကြီး၏တပည့် ဒလပျော်ဘွယ်ကျေးရွာက အနာခံဆရာသက်ကြီး
၏ မူလကျင့်စဉ်နှင့်အညီ သင်ကြားပို့ချူသော တရားတော်များ
http://www.dhammadownload.com/SayaGyi-U-ThanShwe-mp3.htm



ဒေါ်ကြည်ကြည်ဝိန် သင်ကြားပို့ချ သော တရားများ
http://www.dhammadownload.com/DawKyiKyiWein-mp3.htm



ဆရာကြီး ဦးဂိုရင်ဂါ ဟောကြားတော်မူသောတရားတော်များ (မြန်မာ ဘာသာပြန်)
http://www.dhammadownload.com/SN-Goenka-wma-myanmar.htm




**** လူဝတ် ဓမ္မ ကထိက များ****
စာရေးဆရာ မြသန်းစံ သင်ကြားပို့ချသော တရားတော်များ
http://www.dhammadownload.com/Writer-MyaThanSan-mp3.htm



ဓမ္မဗျူဟာ ဒေါ်ခင်လှတင် မဟာသဒ္ဓမ္ဓဇောတိကဓဇ ဓမ္မဗျူဟာ သာသနမာမကအဖွဲ့ လူပုဂ္ဂိုလ်များဆိုင်ရာ ဓမ္မ
စာပေသင်တန်းကျောင်း အမှတ်(၆)၊ ကြားတောရလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန် ဖုန်း။ (၉၅) ၀၁-၃၈၀၈၈၀
သင်ကြားပို့ချသော တရားတော်များ
http://www.dhammadownload.com/DhammaByuharDawKhinHlaTin-mp3.htm



သစ္စာဒီပက၀ိပဿနာအဖွဲ့ချုပ် တရားပြဌာန ဦးစီးပဓာနနာယက၊ အာဒိကမ္မိက ကမ္မဌာနစရိယ မူလဓမ္မာစရိယ၊
ပရိယတ္တိမာမက၊ ပဋိပတ္တိဝိသာရဒ ပဋိပတ္တိသာသာနာ့ဟိတရဓရ ဘွဲ့ရ ကျမ်းပြုပုဂ္ဂိုလ် ဆရာကြီးဦးကြည် သင်ကြား
ပို့ချသော တရားတော်များ http://www.dhammadownload.com/SayaGyi-U-Kyi-mp3.htm




ဓမ္မာစရိယ ဦးဌေးလှိုင် ကန္နီဥပနိသျခံ မောင်းထောင်မြေဇင်းတောရဆရာတော်ကြီး၏ တရားရှုမှတ်ပုံ
http://www.dhammadownload.com/Dhammarcariya-UHtayHlaing-mp3InMyanmar.htm



ဆရာ ကိုအောင်ထွန်းဝင်း ရှင်းလင်းပြသသော ကန္နီဥပနိသျခံ မောင်းထောင်မြေဇင်း ကန္နီနည်းသမထ-
ဝိပဿနာကျင့်စဉ်များ http://www.dhammadownload.com/Sayalay-KoAungTunWin-mp3.htm



နယဒေသက ဆရာကြီး ဦးကြင်ရွှေ ဟောပြောပြသ သင်ကြားပေးသော ပခုက္ကူဝိပဿနာ သင်တန်းတရား
တရား အပုဒ်ရေ ( ၄၀၀ )နီးပါး....
http://www.dhammadownload.com/SayaGyi-U-Kyin-Shwe-mp3.htm

Wednesday 12 December 2012

ကွန်ပျူတာ ပြသနာဖြေရှင်းနည်း စာအုပ်

Computer ဆိုတဲ့အမျိုးကလည်း...တော်တော်ထူးဆန်းတယ်....
မဖြစ်ရင်လည်း လုံးဝမဖြစ်ဘူး...ဖြစ်ရင်လည်း.တကယ်ခြေမကိုင်မိလက်မကိုင်မိပါ.......
Computer ကျန်းမာရေးကောင်းနေချိန်မှာတော့.......နည်းပညာကိုမလေ့လာကြပါဘူး...
တစ်ခုခုဖြစ်ပြီဆိုတာနဲ့....စပြီလေ...ဟိုလူ့မေး.....ဒီလူ့မေးနဲ့....   :)
အဲ့လိုမျိုးမဖြစ်အောင်.....ဒီစာအုပ်ကိုဆောင်ထားသင့်ပါတယ်ခင်ဗျာ......
ဆိုဒ်ကလည်း ဘယ်လောက်မှမရှိပါဘူး............
MPT ဈေးမတက်ခင်....ဒေါင်းထားလိုက်ပါခင်ဗျာ........  :D

Download ပြုလုပ်ရန်
Views: 244
အမျိုးအစား: E-book, နည်းပညာ

photo slide show


ဒါက...Photo တွေကို Slide Show လုပ်တဲ့နေရာမှာ....
သိပ်အကောင်းကြီး မဟုတ်ပေမယ့်...အသုံးပြုရလွယ်ကူလို့.တင်ပေးလိုက်တာပါ.......
ဒီအတိုင်းဓါတ်ပုံတွေကို..ထိုင်ကြည့်နေမယ့် အစား..slideshow လုပ်...လက်ဆောင်ပေးလိုက်တော့.ပိုကောင်းတာပေါ့....:D
ပေးထားတဲ့Link ကနေ Download ဆွဲလိုက်ပါခင်ဗျာ....

Download ပြုလုပ်ရန်
Views: 14
အမျိုးအစား: Software, နည်းပညာ

Sunday 9 December 2012

ဝါသနာရှင်များအတွက် Pc game ဆိုဒ်များ

Connection ကျနေတဲ့အချိန် Gtalk Gmail အလျင်မြန်ဆုံးအသုံးပြုလိုသူများအတွက်ပါ။


Connection တွေ မကောင်းတဲ့ ကြားက ကျွန်တော်  သူငယ်ချင်းတွေ ကို သတိရနေမိတာတော့ အမှန်ပါပဲဗျာ။ကဲ ဒီတစ်ခါလည်း မြန်မာနိုင်ငံမှာ Connection တွေ ကျနေတာတော့ လူတိုင်းသိပြိးသားဖြစ်မှာပါ။အဲ့ဒီလို အဆိုးတွေထဲက အကောင်းလေးတွေကို ကျွန်တော်က ရှာပြီး သူငယ်ချင်းတွေ ရဲ့ဖြစ်နေတဲ့ အခက်အခဲ အလုပ်တွေ အဆင်ပြေအောင်လို့ ကျွန်တော်ရဲ့ မအားတဲ့ အချိန်လေးတွေကို ဖျက်ပြီးသူငယ်ချင်းတွေ အတွက် သဘောအကျဆုံးဖြစ်မဲ့ လက်ဆောင်လေးတစ်ချို့ ပေးပါရစေဗျာ။ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ရှိတဲ့ လူတော်တော်များများဟာ Gtalk Gmail ကိုအသုံးအများဆုံး ဖြစ်တယ် ဆိုတာ လူတိုင်းသိကြမှာပါ။အဲ့လို အချိန်တွေမှာ ရုံးမှာ အလုပ်လုပ်တဲ့ သူတွေဆို အလုပ်ကလဲ အရေးကြီးနေပြီ။Connection ကလဲ မရဖြစ်နေ တော်တော်ခက်ခဲကြမှာပါ။အဲ့ဒီ အပြင် တစ်ချို့ ကိုယ်ပိုင်အင်တာနက်မရှိပဲ အင်တာနက်ဆိုင်တွေမှာ ပိုက်ဆံပေးသုံးပြီး Connection မရလို့ စိတ်ညစ်နေတဲ့ သူတွေ အတွက် တော့ ကျွန်တော့ လက်ဆောင်လေးက သူငယ်ချင်းတွေ အတွက် တန်ဖိုးရှိကောင်းရှိပါလိမ့်မယ်။ကဲ ထားပါလေ။ကိုရဲရဲ ကတော့ ပေရှည်နေပြီ လို့ ထင်နေကြဦးမယ်။ခုကနေ ပဲ စလိုက်ကြတာပေါ့ဗျာ။အောက်မှာ ကျွန်တော် ဓာတ်ပုံလေးတွေ နဲ့ကော လိပ်စာတွေနဲ့ကော သူငယ်ချင်းတွေ ဖတ်လို့ အဆင်ပြေအောင် ကျွန်တော်တင်ပေးထားပါတယ် အောက်က ပုံလေးတွေရဲ့ Web Site လိပ်စာလေးတွေသာမှတ်ထားလိုက်ကြတော့ဗျာ။


ဒီပုံလေး အတွက် လိပ်စာကတော့ http://www.livego.com ပါ။

ဒီပုံလေး အတွက် လိပ်စာလေးကတော့ http://karoolark.com  ပါ။

ဒီပုံလေး အတွက် လိပ်စာလေးကတော့ http://www.iwantim.com ပါ။

ဒီပုံလေး အတွက် လိပ်စာလေးကတော့ http://www.iloveim.com ပါ။

ဒီပုံလေး အတွက် လိပ်စာလေးကတော့ http://www.meebo.com/messenger ပါ။

ဒီပုံလေး အတွက် လိပ်စာလေးကတော့ http://www.koolim.com ပါ။

ဒီပုံလေး အတွက် လိပ်စာလေးကတော့ http://express.instan-t.com ပါ။

ဒီပုံလေး အတွက် လိပ်စာလေးကတော့ https://imo.im ပါ။
ကဲ သူငယ်ချင်းတွေ ဒီလောက်ဆိုရင် အဆင်ပြေလောက်ပြီလို့ ထင်ပါတယ်ဗျာ။ကျွန်တော် အကြိုက်ဆုံး သုံးရတာအပေါ့ဆုံးနဲ့ အလျင်မြန်ဆုံး Site လေးကတော့ http://www.livego.com နဲ့ http://www.iwantim.com ပါဗျာ။သူငယ်ချင်းတွေလဲ သုံးကြည့်ကြပါဗျာ။ အိုင်တီဘဏ်ကနော်။
မိုးကောင်းကင် ဖောင်းပြင် ကြိုက်တာလေးများ ရှာဖွေနေဆဲပါ။ 2 ရက် 9လ 2012 (2.9.2012)
----------------------------------------------------------------

Auto Read More လေးထည့်နည်း

ခုတင်တဲ့နည်းပညာလေးကေတာ့ ဘလောတွေ့မှာ အရေးပါတဲ့ Read More ခေါ်တဲ့ ပို့စ်တွေကို
အော်တိုခေါက်ပေးတဲ့နည်းလေးပါ...အရင်ကလဲတင်ဘူးပါတယ်. ဒါပေမယ့် တချို့ကုဒ်တွေဟာ
အဆင်မပြေဖြစ်တတ်တာကို လက်တွေ့စမ်းသတ် သိရှိခဲ့လို့ လိုရမယ်ရ  ထပ်ပြီး တင်ပေးလိုကတာပါ.... ဒါလေးကတော့ သေခြာပါတယ်.. စမ်းသတ်ပြီးမှ တင်တာပါ... သုံးကြည့်နော်.. 
ထည့်နည်းလေးကတော့...
►1-  Blogger Singin ၀င်လိုက်ပါ။
►2-  DASHBOARD ကိုသွားလိုက်ပါ။
►3-  LAYOUT    ကိုကလစ်ပါ..။
►4-  EDIT HTML  ကိုဝင်ပါ.. Process ကိုကလစ်ပြီးဆက်ဝင်လိုက်ပါ။
►5-  EXPAND WIDGET TEMPLATES ကိုအမှန်ခြစ်ပေးဖို့မမေ့ပါနဲ့နော်...။
►6-  Ctrl+F အကူညီဖြင့် ပေးထားတဲ့ ကုဒ်ကို ရှာလိုက်ပါ။
 

</head>  ကိုရှာပါ။။။။
 
တွေ့ပြီဆိုရင်သူ့အောက်မှာ အောက်က Code ကိုထည့်ပေးလိုက်ပါ၊


<script type='text/javascript'>
var thumbnail_mode = &quot;float&quot; ;
summary_noimg = 230;
summary_img = 140;
img_thumb_height = 100;
img_thumb_width = 100;
</script>
<script src='http://keerthiset2.110mb.com/excerpt.js' type='text/javascript'/> 
 
အောက်က Code ကိုထပ်ရှာပါ၊


<data:post.body/> 
 
တွေ့ပြီဆိုရင်သူ့နေရာမှာအောက်က Code နဲ့အစားထိုးပေးလိုက်ပါ။။


<b:if cond='data:blog.pageType == &quot;item&quot;'>
<data:post.body/>
<b:else/>
<div expr:id='&quot;summary&quot; + data:post.id'>
<data:post.body/>
</div>
<script type='text/javascript'>
createSummaryAndThumb(&quot;summary<data:post.id/>&quot;);
</script>
<div style='clear: both;'/>
<span style='padding-top:5px;;float:right;text-align:right;'>
<a expr:href='data:post.url' rel='bookmark'><b>>>>ဆက်ဖတ်ရန်>>> >></b></a></span>
</b:if> 
 
ဆက်ဖတ်ရန် ဆိုတဲ့နေရာမှကြိုက်သလို ရေးနိုင်ပါတယ်....
Save Template ကိုနိုပ်ပါ။ပြီးပါပြီ။။

အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...

www.aungsanmks.blogspot.com 
www.ledimyethar.com 
တို့ရဲ့ cbox မှာ ပြောခဲ့ကြပါနော်...

Blue Screen Error တက်ရခြင်းအကြောင်းနှင့်ဖြေရှင်းနည်း


ကျွန်တော်တို့ တစ်ခါတစ်လေမှာ computer အသုံးပြုနေရင် အပြာရောင် screen ကြီးပေါ်လာပြီးဘာမှ ဆက်လုပ်လို့မရတော့တာမျိုး တွေဖူးမှာပါ ။ အဲဒါကို Blue Screen of Death (BSoD) လို့ခေါ်ပါတယ် ။
အဲဒီ (BSoD) ဘာကြောင့်ဖြစ်ရလဲဆိုရင် (တော်တော်များများကတော့ Memory error ကြောင့်လို့ ပြောကျပါတယ်)။ တကယ်တော့ (BSoD) Blue Screen   error ဖြစ်ရတဲ့အကြောင်းအရင်းအများကြီးရှီပါ ။

             အဲဒီ Blue Screen ကြီးရဲ့ဖန်တီးရှင်ကတော့ Microsoft ရဲ့ Window Operating System ပါဘဲ။
 Window Operating System ဟာ System error တွေကရုန်းမထွက်နိုင်တဲ့အခါ System Error တွေကို recover မလုပ်နိုင်တော့တဲ့အခါမျိုးမှာ ပေါ်လာတာဖြစ်ပါတယ် ။ Blue Screen ကို Microsoft Window Version 3.1 တည်းကစတင်ပါဝင်လာပါတယ် ။ Window Vista ရဲံ ကနဦး Versions မှာ Boot Loader Error ကို (RSoD) Red Screen of Death နဲ့ပြပါတယ် ။
             Drive တစ်ခုဟာ Kernal Mode မှာအလုပ်လုပ်နေစဉ် system error တွေကို recover မလုပ်နိုင် တဲ့အချိန်မှာ Blue Screen Error ဖြစ်ပေါ်နိုင်ပါတယ် ။ အဲဒီလို့ဖြစ်ရင် Window ကို Restate လုပ်ပေးခြင်းကကောင်းဆုံးဖြစ်ပါတယ် ။ Blue Screen ပေါ်မှာပြထားတဲ့စာသားတွေက Software Engineer တွေအတွက် error fix လုပ်နိုင်ဖို့ဖေါ်ပြထားတဲ့စာသားတွေပါ ။ eg.(0x0000001E -KMODE -EXCEPTION -NOT-LIANDLED )ဆိုတဲ့စာသားမျိုးတွေပါ ။ အဲဒီစာသားတွေထဲမှာ error ဖြစ်နေတဲ့ Address ကို ဖော်ပြပေးပါတယ် ။အဲဒီမှာerror ဖြစ်နေတဲ့ Driver ကိုပါပြပေးပါတယ် ။
           အများသောအားဖြင့် window တိုင်းဟာ Default အားဖြင့် (BSoD)ဖြစ်တာနဲ့ Memory Dump လုပ်ပါတယ် ။ Memory dump ဆိုတာ Physical Memory ထဲရှီကြောင်းအရာအားလုံးကို Copy ကူးတာပါ ။Operating System version ပေါ်မူတည်ပြီ Dump လုပ်တဲ့ format လည်းအမျိုးမျိုးရှိနိုင်ပါတယ် ။
Dump လုပ်လို့ရလာတဲ့ file ကို  Kernal debugger နဲ့ debugged လုပ်လို့ရပါတယ် ။ဘာဖြစ်လို့လဲဆိုတော့
Blue Screen မှ ပြထားတဲ့စာသားတွေမှာ ကန့်သတ်ချက်ရှိလို့ပါ ။ သူပြတဲ့error နဲ့ တကယ်ဖြစ်နေတဲ့ error နဲ့က ကွဲလွဲနေနိုင်ပါတယ် ။အဲဒီတော့ debugger နဲ့ trace လိုက်ရမှာပါ ။ Debugger ကို Microsoft က နေ free download ရနိုင်ပါတယ်။
          (BSoD) ဟာ Boot Loader error ကြောင့်လည်းဖြစ်နိုင်ပါတယ် ။ အဲဒီလိုအချိန်မှာ Hard drive လည်း အသုံးပြုလို့မရသေးတာကြောင့် Memory Dump လည်းလုပ်လို့မရပါဘူး ။ window CD  နဲ့ Boot တက်ပြီး error fix လုပ်ရမှာဖြစ်ပါတယ် ။
         နောက်ထပ် (BSoD) ဖြစ်ရတဲ့အကြောင်း ကတော့  DLL fileတွေCompatibalမဖြစ်လို့ပါ ။ Application program တွေမှာ DLL file တွေလိုအပ်တဲ့အခါ DLL file တွေကို window က Memory ပေါ်ကို လှမ်းတင်ပါတယ်။ အဲဒီမှာ Application version ပြောင်းထားတာတို့ ။ DLL နှင့် version မတူတာတို့ဆိုရင် လဲ (BSoD) ဖြစ်နိုင်ပါတယ် ။
           ဘယ်windows မှာဘဲဖြစ်ဖြစ် အထက်ပါအကြောင်းများကြောင့် (BSoD) ဖြစ်နိုင်သလိုတစ်ခြားတွေကြောင့်လဲ ဖြစ်နိုင်ပါတယ် ။ Virus ကြောင့်လဲ (BSoD) ဖြစ်နိုင်ပါတယ်။ Memory Compatible မဖြစ်လို့ ဒါမှမဟုတ် Bad Memory တွေကြောင့်လဲ ဖြစ်နိုင်ပါတယ် ။တစ်ခြားအကြောင်းအရာတွေကြောင့်(BSoD) ဖြစ်နိုင်ပါတယ် ။

Blue Screen Error ဖြေရှင်းနည်း

ဒီနည်းကတော့ Blue screen ဖြေရှင်းနည်းတွေထဲက နောက်တစ်နည်း ဖြစ်ပါတယ်။ Blue screen တက်တက်လာလို့ စိတ်ညစ်နေတဲ့ သူငယ်ချင်းများအတွက် အထောက်အကူ ဖြစ်မယ်ထင်လို့ပါ။ Window XP, Vista & 7 တွေအတွက် အကုန်အသုံးပြုလို့ ရနိုင်ပါတယ်။ လက်တွေ့စမ်းသပ်ကြည့်ပြီးလို့ အဆင်ပြေသွားလို့ ဝေမျှလိုက်ပါတယ်။ အဆင်မပြေတာများ ရှိခဲ့ရင်တော့ ကျတော့်ရဲ့ အားနည်းချက်ပဲ ဖြစ်ပါလိမ့်မယ်။ အခု ကျတော်က Windows Vista နဲ့ လုပ်နည်းလေး တင်ပြပေးပါ့မယ်။ အောက်မှာ ဆက်လေ့လာကြည့်လိုက်ပါ။
လုပ်နည်း
1. Start menu >> Computer ကို Right Click ထောက်ပီး Properties ကို ၀င်လိုက်ပါ။

2. ကျလာတဲ့ Box ရဲ့ ဘယ်ဘက်နားလေးက advanced system setting ကို ၀င်လိုက်ပါ။
3. System Properties >> Advanced ထဲမှ အနီဝိုင်းပြထားတဲ့ Setting ကို ၀င်လိုက်ပါ။
4. System and Recovery ထဲမှ အနီရောင် ၀ိုင်းပြထားတဲ့ အောက်မှာရှိတဲ့ Automatically restart ကို အမှန်ခြစ်လေး ဖြုတ်ပေးလိုက်ပါ။ (ပုံမှာကြည့်ပါ)။ ပီးရင် OK ပေးလိုက်ပါ။
ဒါဆိုရင်တော့ ပုံမှန်တက်လာနေကျ Bluescreen ဆိုတာကြီး မတက်လာတော့ပါဘူး။ အားလုံး အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်….:)။
 Credit:http://sithukyaw.mandalaybloggers.org/2011/04/blue-screen-of-death-bsod.html

အင်တာနက် အဆ ၂၀ မြန်အောင်လုပ်နည်း


အင်တာနက် အဆ ၂၀ မြန်အောင် လုပ်နည်း


အင်တာနက် အဆ ၂၀ မြန်အောင် လုပ်နည်း
၁။ start >>> Run ကိုသွားပြီး gpedit.msc လို့ရိုက်ပါ။ ပြီးရင် Enter ကိုနှိပ်ပါ၊
၂။ Administrative Templates ကို နှိပ်ပါ။
၃။ Network ကိုနှိပ်ပါ။
၎။ QoS Packet Scheduler ကိုနှိပ်ပါ။
၅။ Limit reservable bandwidth ကိုနှိပ်ပါ။
၆။ Enabled (optional) ကိုရွေးပါ။
၇။ Bandwidth limit (%) ကို 20 ကို 0 ပြောင်းပါ။
၈။ Apply ကိုနှိပ်ပြီး ပေါ်နေတဲ့ Windows တွေအားလုံးပြန်ပိတ်လိုက်ပါ။ သင့်Computer ရဲ့ Internet Speed 20% မြန်သွားပါပြီ။

ခေတ်သစ်နေကြာပန်းလေးသို့


နွေက ရော်ရွက်ဝါကို ကျောခိုင်းတယ်

မိုးက ဖားသူငယ်ကို ကျောခိုင်းတယ်

ဆောင်းက မြူနှင်းကို ကျောခိုင်းတယ်

တစ်နှစ်ပြီး တစ်နှစ်.......

ငါတို့လည်း မြန်မာ ပြည်ကြီးကို ကျောခိုင်းခဲ့တာ

တစ်နှစ်ပြီး တစ်နှစ်

ရပ်ပြစ် (၈) ပါးရဲ့ အကျိုး အပြစ်တွေကလည်း

တစ်ရစ်ပြီး တစ်ရစ်

တစ်ဆင့်ပြီး တစ်ဆင့်....................။


ငါ့ မိသားစုနဲ့ ငါ့ဘဝ

ငါ့ အတ္တတွေကို အခြေခံ ခဲ့ပေမယ့်

မိဘက လက်တွဲကူမှ

မြေကြီးပေါ်မှာ ခြေချနင်း ရဲတဲ့ သူတွေပါ..................။


သစ်ပင်အရိပ်ရဲ့ ကြားမှာ

ခိုဝင်ကာ နားပြီးမှ

အခက်ကိုလည်း မချိုးသင့်ဘူး.....

မိသားစုကြားမှာ

ရှင်သန်ကာ ကြီးပြီးမှ

အမျိုးကိုလည်း မဖျက်သင့်ဘူး................။


ဘဝရဲ့ တန်ဖိုးကို မတွေး

ဓနဆိုတဲ့ မက်လုံးကလေး ပေးတော့

ဘယ်အရာကိုမှ သူမကြောက်

လူမျိုးခြားက ကတော်ကောက်

ဖွားဖက်ကိုလည်း သစ္စာဖောက်

အမျိုးဆိုတာလည်း တဖြည်းဖြည်း ပျောက်တော့မယ်...............။

မနုဿ မုဆိုးတွေနဲ့

ဝိသမ လောဘသားတွေ ကြားထဲမှာ

နေထိုင်နေရတဲ့ ငါတို့ဘဝ

အရာရာမှာ အောက်ကျပေမယ့်

" အမျိုးဂုဏ် " ဆိုတဲ့ မာနတော့ ထားသင့်တယ်..............။


ကြွေကြသွားတဲ့ ရော်ရွက်ဝါလေးက

တချိန်မှာ ပင်စည်တစ်ခုအတွက်

မြေဆီမြေနစ် အဟာရအစစ် ဖြစ်ခဲ့တယ်ဆိုရင်.....

မြန်မာပြည်မှာ မွေးတဲ့

ငါတို့ မြန်မာသွေး တွေက

အနာဂတ် မြန်မာနိုင်ငံအတွက်

အားဆေးတစ်ခွက် အဖြစ် ငါတို့ဖော်စပ် သင့်တယ်.............။


အခုတော့.........

တစ်ဘဝစာ ဝမ်းဝဖို့ အရေး

လူမျိုးအရေးကို ငွေကြေးလို သဘောထားလို့

ဈေးကစားခဲ့တဲ့ နင်က

ကမ္ဘာမီး  မလောင်ခဲ့သေးတာတာင်

သားကောင်ကို ချနင်းရဲပီပေါ့...............။


သူငယ်ချင်းရယ်.............

နေမှာမှ လန်းတဲ့

နေကြာပန်းတွေရဲ့ နိဂုံးက

နေရောင်အောက်မှာပဲ ပူလောင်စွာ ကုန်ဆုံးတယ်

ပွင့်ဖတ်တွေက တစ်လွင့်လွင့်.................။

Wednesday 5 December 2012

လူသိနည်းသော ဖုန်း၏ချို့ဝှတ်ချက် - (၅)ချက်


မိုဘိုင်းဖုန်းတစ်လုံး၏ လျှို့ဝှက်ချက်ငါးခုမြန်မာနိုင်ငံမှာရှိတဲ့ လူအများစုဟာ မိုဘိုင်းဖုန်းတစ်လုံး ရဲ့
အသုံးဝင်မှု လျှို့ဝှက်တွေကို သိရှိသူတွေ အလွန်နည်းပါး နေပါတယ်။
ကိုင်နေတဲ့လူအများစုဟာ ဖုန်းတစ်လုံးရဲ့ အသုံးဝင်မှုကို အများအားဖြင့်
Camera, Music, Bluetooth, FM, Radio, Alarm နဲ့ Game အစရှိတာ တွေလောက်သာ
အသုံးပြုနေကြတာ များပါတယ်။
ဒါကြောင့် ဒီထက် ပိုပြီး အသုံးဝင်မှုနဲ့လျှို့ဝှက်ချက်အနည်းငယ်ကို ဖော်ပြပေးလိုက်ပါတယ်။





(၁) အရေးပေါ် ကွန်ယက်ရှာရန် Keypad ကို Locked လုပ်ထား ရင်တောင် မိုဘိုင်းဖုန်းတွေဟာ ၁၂၂ ဆိုတဲ့
နံပါတ်ကိုနှိပ်လို့ရတာ တွေ့ရပါတယ်။ ဒီနံပါတ်ဟာ တစ်ကမ္ဘာလုံးဆိုင်ရာ နိုင်ငံတကာ အရေးပေါ်ဖုန်းနံပါတ်ဖြစ်ပါတယ်။
မိုဘိုင်းဖုန်းတွေရဲ့ ဆက်သွယ်မှုဧရိ ယာထဲမှာရှိရင် ဒီနံပါတ်ကိုနှိပ်လိုက်တာနဲ့ဖုန်းဟာအနီးဆုံးဆက်သွယ်မှု ကွန်ရက်ကို
အလိုလျောက်ရှာမှာဖြစ်ပါတယ်။ဒီနံပါတ်ဟာ မိုဘိုင်း ဖုန်းရဲ့ခလုတ်တွေကိုပိတ်ထားရင်တောင်နှိပ်လို့ရနေမှာဖြစ်ပါတယ်။




(၂) ဘက်ထရီအရေးပေါ်အားကုန်ရင် မိုဘိုင်းဖုန်းတွေမှာ ဖုန်းအသုံး ပြုရင်း ဘက်ထရီအားနည်းလာပြီဆိုရင်
*3370# ကိုနှိပ်လိုက်တာနဲ့ ဖုန်းတွေမှာ အရေးပေါ်သုံးဖို့ချန်ထားတဲ့ ဓာတ်အားကိုပြန်ဖွင့်ပေးမှာ ဖြစ်လို့ ဖုန်းမှာ
ဘက်ထရီထက်ဝက် အားပြန်ပြည့်လာတာကို တွေ့ရ မှာဖြစ်ပါတယ်။ နောက်တစ်ကြိမ် မိုဘိုင်းဖုန်းဘက်ထရီအားပြန
ဖြည့် တဲ့အခါမှာ သာမာန်နဲ့အရေးပေါ်သုံးနှစ်မျိုးလုံးအတွက် ဘက်ထရီ အားကို အလိုလျောက်အားပြန်ဖြည့်မှာဖြစ်ပါ
တယ်။ ဒီနည်းဟာ လူ အများစုအတွက်အသုံးဝင်စေမယ့် အချက်တစ်ချက်ဖြစ်ပါတယ်။




(၃) ကားသော့ကျန်ခဲ့ရင် အဝေးထိန်းစနစ်တပ်ဆင်ထားတဲ့ကား အသုံးပြုသူတွေအတွက် ကားထဲမှာသော့ကျန်ခဲ့ခြင်း၊
အပိုသော့တစ် ချောင်း အိမ်မှာကျန်ရှိနေခြင်းဖြစ်ပေါ်ကြုံလာပါက မိုဘိုင်းဖုန်းတစ်လုံးရှိရုံနဲ့ အဆင်ပြေတာကိုတွေ့ရမှာပါ
အသုံးပြုပုံ ကတော့ အိမ်မှာရှိ တဲ့လူတစ်ယောက် ဖုန်းကိုမိမိမိုဘိုင်းဖုန်းနဲ့လှမ်းခေါ်ပြီး တစ်ဖက်လူနဲ့ အဆက်အသွယ်ရရင်
အိမ်ကလူကို ကားသော့ဖွင့်တဲ့ ခလုတ်ကို ဖုန်း အနားကပ်ပြီးနှိပ်ခိုင်းလိုက်ရုံနဲ့ကားတံခါးပွင့်သွားမှာဖြစ်ပါတယ်။ မိမိရဲ့
ဖုန်းကိုတော့ကားနားမှာ ထားရှိရမှာ ဖြစ်ပါတယ်။ဒီနည်းဟာမိမိအတွက် ပင်ပန်းမှုမရှိစေဘဲ အဆင်ပြေစေမယ့်
နည်းလမ်းတစ်ခုဖြစ်ပါတယ်။




(၄) မိုဘိုင်းဖုန်းအခိုးခံရရင် မိမိရဲ့မိုဘိုင်းဖုန်းဟာ ကျပျောက်ခြင်း၊ မေ့ကျန်ခြင်းနဲ့ အခိုးခံရခြင်းအစရှိတဲ့အကြောင်း
တစ်ခုခုကြောင့် ပျောက် ဆုံးသွားလို့ ပြန်မရနိုင်တော့ဘူးဆိုရင် အဲဒီဖုန်းကတ်ကိုဖျက်ဆီးပစ် လို့ရပါတယ်။ ပထမဦးဆုံး
အနေနဲ့ ဖုန်းရဲ့နံပါတ်စဉ်ကိုသိဖို့ *#06# ကိုနှိပ်ပါ။ အဲဒီအခါမှာ ဂဏန်း(၁၅)လုံးပေါ်လာမှာဖြစ်ပါတယ်။ အဲဒီ ဂဏန်း
တွေဟာ မိမိဖုန်းရဲ့သီးသန့်နံပါတ်တွေပါ။ ဒီဂဏန်းတွေကို ပထမဆုံးသိရှိထားဖို့တော့လိုအပ်မှာပါ။ ကိုယ့်ဖုန်းပျောက်
ဆုံးသွားတဲ့နေ့မှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို ဖုန်းဆက်ပြီးကုတ်နံပါတ်ပြော၍ ဖုန်းပိတ်ခိုင်းနိုင်ပါတယ်။ တကယ
လို့ ခိုးသူဟာSimcard ကိုမထုတ်ရသေးခင်တိုင်တန်းမယ်ဆိုရင် Simcard ရော ဖုန်းကိုပါ Disable လုပ်နိုင်မှာဖြစ်လို့
မိမိဖုန်းထဲက ဖုန်းနံပါတ် စာရင်းတွေကို တခြားသူမသိအောင်ကာကွယ်နိုင်မှာဖြစ်ပါတယ်။





(၅) Nokia ရဲ့ဖုန်းကုတ်နံပါတ်မိုဘိုင်းဖုန်းတွေရဲ့ ကုတ်နံပါတ်တွေ ဟာ တစ်ခုနဲ့တစ်ခုတူညီမှုမရှိကြပါဘူး။ ဒါပေမယ့်
Nokia ဖုန်း အသုံးပြုမယ့်သူတွေအတွက် ကုတ်နံပါတ်တွေကို ဖော်ပြပေးလိုက် ပါတယ်။ ကုတ်နံပါတ်တွေအနေနဲ့ IMEI
(International Mobile Equipment Identity) ကိုကြည့်မယ်ဆိုရင်တော့ *#06# ကိုနှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။
LCD Display ကိုပိုပြီး ရှင်းလင်းပြတ်သားစွာမြင်ချင်တယ်ဆို ရင် *#67705646# ကိုနှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။ ဖုန်းမှာ
အသုံးပြု ထားတဲ့ ဟန်းဆက်ရဲ့ ဆော့်ဖ်ဝဲ Version ကိုကြည့်မယ်ဆိုရင်တော့ *#0000# ကိုနှိပ်ပြီးကြည့်နိုင်ပါတယ်။
Bluetooth device တွေရဲ့တည်နေရာကို ကြည့်ချင်တယ် ဆိုရင် *#2820# ကိုနှိပ်ပြီး ကြည့်နိုင်ပါတယ်။




ဖုန်းရဲ့ထုတ်လုပ်တဲ့အချိန်၊ ထုတ်လုပ်ခဲ့တဲ့ Serial Number နဲ့ ဖုန်းကိုနောက်ဆုံး ဘယ်အချိန်မှာ ပြုပြင်ခဲ့တယ်ဆိုတဲ့
အကြောင်းအရာနဲ့ ဖုန်း lifetime ကိုသိရှိလိုရင် တော့ *#92702689# ကိုရိုက်နှိပ်နိုင်ပါတယ်။ မှတ်သားထားသော
ဖုန်းနံပါတ် များကို ချေဖျက်ချင်ပါက *#3925538# ကိုနှိပ်ပြီးဖျက်နိုင်ပါတယ်။ Serial 60 ဖုန်းတွေအတွက်က တော့
*#737092 5538# ကိုနှိပ်ပြီးဖုန်းကို reset lock လုပ်နိုင်ပါတယ်။




ဒါပေမယ့် ဖုန်းပြန်တက်လာတဲ့အချိန်မှာ defult code 12345 ကို ရိုက်ထည့်လိုက်ရင်ဖုန်းပြန်ပွင့်သွားမှာဖြစ်ပါတယ်။
မိုဘိုင်းဖုန်း တစ်လုံးအား ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်ပါစေ။