Sunday, 9 December 2012

ခေတ်သစ်နေကြာပန်းလေးသို့


နွေက ရော်ရွက်ဝါကို ကျောခိုင်းတယ်

မိုးက ဖားသူငယ်ကို ကျောခိုင်းတယ်

ဆောင်းက မြူနှင်းကို ကျောခိုင်းတယ်

တစ်နှစ်ပြီး တစ်နှစ်.......

ငါတို့လည်း မြန်မာ ပြည်ကြီးကို ကျောခိုင်းခဲ့တာ

တစ်နှစ်ပြီး တစ်နှစ်

ရပ်ပြစ် (၈) ပါးရဲ့ အကျိုး အပြစ်တွေကလည်း

တစ်ရစ်ပြီး တစ်ရစ်

တစ်ဆင့်ပြီး တစ်ဆင့်....................။


ငါ့ မိသားစုနဲ့ ငါ့ဘဝ

ငါ့ အတ္တတွေကို အခြေခံ ခဲ့ပေမယ့်

မိဘက လက်တွဲကူမှ

မြေကြီးပေါ်မှာ ခြေချနင်း ရဲတဲ့ သူတွေပါ..................။


သစ်ပင်အရိပ်ရဲ့ ကြားမှာ

ခိုဝင်ကာ နားပြီးမှ

အခက်ကိုလည်း မချိုးသင့်ဘူး.....

မိသားစုကြားမှာ

ရှင်သန်ကာ ကြီးပြီးမှ

အမျိုးကိုလည်း မဖျက်သင့်ဘူး................။


ဘဝရဲ့ တန်ဖိုးကို မတွေး

ဓနဆိုတဲ့ မက်လုံးကလေး ပေးတော့

ဘယ်အရာကိုမှ သူမကြောက်

လူမျိုးခြားက ကတော်ကောက်

ဖွားဖက်ကိုလည်း သစ္စာဖောက်

အမျိုးဆိုတာလည်း တဖြည်းဖြည်း ပျောက်တော့မယ်...............။

မနုဿ မုဆိုးတွေနဲ့

ဝိသမ လောဘသားတွေ ကြားထဲမှာ

နေထိုင်နေရတဲ့ ငါတို့ဘဝ

အရာရာမှာ အောက်ကျပေမယ့်

" အမျိုးဂုဏ် " ဆိုတဲ့ မာနတော့ ထားသင့်တယ်..............။


ကြွေကြသွားတဲ့ ရော်ရွက်ဝါလေးက

တချိန်မှာ ပင်စည်တစ်ခုအတွက်

မြေဆီမြေနစ် အဟာရအစစ် ဖြစ်ခဲ့တယ်ဆိုရင်.....

မြန်မာပြည်မှာ မွေးတဲ့

ငါတို့ မြန်မာသွေး တွေက

အနာဂတ် မြန်မာနိုင်ငံအတွက်

အားဆေးတစ်ခွက် အဖြစ် ငါတို့ဖော်စပ် သင့်တယ်.............။


အခုတော့.........

တစ်ဘဝစာ ဝမ်းဝဖို့ အရေး

လူမျိုးအရေးကို ငွေကြေးလို သဘောထားလို့

ဈေးကစားခဲ့တဲ့ နင်က

ကမ္ဘာမီး  မလောင်ခဲ့သေးတာတာင်

သားကောင်ကို ချနင်းရဲပီပေါ့...............။


သူငယ်ချင်းရယ်.............

နေမှာမှ လန်းတဲ့

နေကြာပန်းတွေရဲ့ နိဂုံးက

နေရောင်အောက်မှာပဲ ပူလောင်စွာ ကုန်ဆုံးတယ်

ပွင့်ဖတ်တွေက တစ်လွင့်လွင့်.................။

No comments:

Post a Comment