Friday 23 November 2012


သိမှတ်ဖွယ်ရာ မြန်မာ့လျှို့ဝှက်ချက်(၁၀၀)..ရဲ့.၇ ကြိမ်မြောက်....

နိုင်ငံအသီးသီးရဲ့စာပေမှာ အက္ခရာအရေအတွက် ဘယ်လောက်ရှိကြသလဲ
.
ကမ္ဘာ့နိုင်ငံအသီးသီး၌ မှီတင်းနေထိုင်ကြသည့် နိုင်ငံသူ နိုင်ငံသားတွေအဖို့ ကိုယ့်နိုင်ငံက စာပေအရေး အသားနှင့်
စပ်လျဉ်းပြီး အခြေခံ ထားရှိရသည့် အက္ခရာစကားလုံးများ ရှိကြပါသည်။ တစ်နည်းအားဖြင့်ဗျည်း အက္ခရာများ ဖြစ်ကြပါ
သည်။ ထိုဗျည်းအက္ခရာများ၌ အသံမရှိပါ။ အသံပေါ်ထွက်လာစေရန်အတွက်.....

“အီ၊ အေ၊ အယ်၊ အာ၊ အော်၊ အို၊ အူ၊ အင်၊ အန်၊ အွန်၊ အိတ်၊ အုတ်၊ အိုက်၊ အောက်၊ အစ်၊ အက်၊ အတ်၊အွတ်”  အစရှိ
သော အခြေခံသရများနှင့် ပေါင်းစပ်လိုက်မှသာ အသံများ ပေါ်ထွက်လာပါသည်။ ထိုစကားလုံးများမှ ဝေါဟာရ များ ဖြစ်
ပေါ်လာပါသည်။ ကံ၊ ကတ္တား၊ ကြိယာ၊ ဝိဘတ်၊ သမ္ဗန္ဓ၊ နာမဝိသေသန အစရှိသဖြင့်စကားလုံးဝေါဟာရများ ပုဒ်များ ဖြစ်
ပေါ်လာပြီး သဒ္ဒါအထားအသို မှန်ကန်စွာ စဉ်လိုက်လျှင် ဝါကျများဖြစ်လာ ပါသည်။ ဝါကျမှ တစ်ဆင့် စာပိုဒ်၊ စာပိုဒ်မှ
စာပုဒ်ဖြစ်လာကာ ကိုယ့်နိုင်ငံ တိုင်းပြည်ဆိုင်ရာ စာပေများပေါ်ထွန်းလာပါသည်။ ယဉ်ကျေးမှုအနေအထားများ တိုးမြင့်
လာပါသည်။

စာပေသည် နိုင်ငံနှင့်လူမျိုး၊ အခြေတိုးမြှင့်ရေး၌ အဓိကကျပါသည်။ စာပေများ ပေါ်ထွန်းလာရအောင်ဘာသာဗေဒပညာ
ရှင်များ သဒ္ဒဗေဒပညာရှင်များသည် ခေတ်အဆက်ဆက် ကြိုးပမ်းအားထုတ်ခဲ့ရပါသည်။

၎င်းတို့ ကြိုးပမ်းအားထုတ်သည့်အတွက်ကြောင့်လည်း နောက်ဆုံး၌ ကိုယ့်နိုင်ငံကိုယ့်တိုင်းပြည်အလိုက်လူမျိုးအသီးသီး
တို့၏ ကိုယ်ပိုင်အက္ခရာ ဖြစ်ပေါ်လာခဲ့ရပါတော့သည်။ ဤ၌ ကမ္ဘာ့နိုင်ငံအသီးသီး ရှိကြသည့်အနက်လက်လှမ်းမီ ရာကို
လေ့လာစူးစမ်း တင်ပြရသည်ရှိသော်....

၁။ မြန်မာစာပေ၌ အက္ခရာအလုံးရေ (၃၃)လုံး ရှိ၏

၂။ ဂျူးစာပေ၌ အက္ခရာအလုံးရေ (၂၂)လုံး ရှိ၏

၃။ အီတလီစာပေ၌ အက္ခရာအလုံးရေ (၂၂)လုံး ရှိ၏

၎။ လက်တင်စာပေ၌ အက္ခရာအလုံးရေ (၂၂)လုံး ရှိ၏

၅။ ဂရိတ်စာပေ၌ အက္ခရာအလုံးရေ (၂၄)လုံး ရှိ၏

၆။ ပြင်သစ်စာပေ၌ အက္ခရာအလုံးရေ (၂၅)လုံး ရှိ၏

၇။ ဂျာမန်စာပေ၌ အက္ခရာအလုံးရေ (၂၆)လုံး ရှိ၏

၈။ အင်္ဂလိပ်စာပေ၌ အက္ခရာအလုံးရေ (၂၆)လုံး ရှိ၏

၉။ စပိန်စာပေ၌ အက္ခရာအလုံးရေ (၂၇)လုံး ရှိ၏

၁၀။ အာရေဗျစာပေ၌ အက္ခရာအလုံးရေ (၂၈)လုံး ရှိ၏

၁၁။ တူရကီစာပေ၌ အက္ခရာအလုံးရေ (၂၉)လုံး ရှိ၏

၁၂။ ရုရှားစာပေ၌ အက္ခရာအလုံးရေ (၃၂)လုံး ရှိ၏

၁၃။ အာမေးနီးယားစာပေ၌ အက္ခရာအလုံးရေ (၃၈)လုံး ရှိ၏

၁၄။ တရုတ်စာပေ၌ အက္ခရာအလုံးရေ (၅၃)လုံး ရှိ၏

၁၅။ ထိုင်း(ယိုးဒယား) အက္ခရာအလုံးရေ (၇၄)လုံး ရှိ၏။
.
.
.
ပံ့သကူသင်္ကန်းလျာ ဘယ်နှမျိုးရှိသလဲ
.
ပံ့သကူဆိုသည်မှာ ပါဠိဝေါဟာရ “ပံ့သုကူလ” ဆိုသောပုဒ်မှ ဆင်းသက်လာခြင်းဖြစ်၏။ ပံ့သကူ၏အဓိပ္ပာယ် မှာ “အရှင်
မရှိ စွန့်ပစ်ထားသောပစ္စည်း၊ သင်္ကန်း စသည်” ဟု ဖွင့်ဆိုထားပါသည်။ ကျမ်းဂန်များအရဆိုရသော် ပံ့သကူသင်္ကန်းဆို
သည်မှာ အမှိုက်ပုံ၊ သုသာန်စသည်တို့၌ ပိုင်ရှင်မဲ့ စွန့်ပစ်ထားသော မြေမှုန့်၊ ဖုန်မှုန့်ပမာစက်ဆုတ်ရွံရှာဖွယ်ကောင်းသော
အဝတ်အပိုင်းအစများကို ကောက်ယူလျှော်ဖွပ်ပြီး ဖာထေးချုပ်စပ် ထားသည့်သင်္ကန်းပင် ဖြစ်ပေသည်။

ဓူတင် (၁၃) ပါးတွင် ပံ့သကူဓူတင်လည်း တစ်ပါး အပါအဝင်ဖြစ်၏။ ပံ့သကူဆောင်ရဟန်းတို့နှင့် သင့်တင့်လျောက်ပတ်
သော ပံ့သကူသင်္ကန်းလျာမှာ (၂၁)မျိုးရှိကြောင်း အဋ္ဌကထာများ၌ အောက်ပါအတိုင်း ပြဆိုထားသည်ကိုလေ့လာတွေ့ရှိ
ရပါသည်။

၁။ သုသာန်

၂။ အိမ်ဈေး

၃။ ခရီးလမ်းမ

၎။ အမှိုက်ပုံစွန့်ပစ်အပ်သော အဝတ်ပုဆိုးများဟူ၍ လေးမျိုး

၅။ အမျိုးသမီးများ မီးဖွားပြီး အညစ်အကြေးများ သုတ်သင်၍ စွန့်ပစ်ထားအပ်သော အဝတ်ပုဆိုး

၆။ ရေချိုးဆိပ်၌ စွန့်ပစ်ထားသော အဝတ်ပုဆိုး

၇။ သုသာန်မှပြန်လာ၍ မင်္ဂလာမရှိဟု စွန့်ပစ်အပ်သော အဝတ်ပုဆိုး

၈။ မီးလောင်ပေါက်ရှိ၍ စွန့်ပစ်အပ်သော အဝတ်ပုဆိုး

၉။ နွားစား၍

၁၀။ ခြကိုက်၍

၁၁။ ကြွက်ကိုက်၍

၁၂။ အနားပြတ်၍

၁၃။ အမြိတ်အဆာဖြစ်၍ လူတို့ အသုံးမလိုတော့သဖြင့် စွန့်ပစ်အပ်သော အဝတ်ပုဆိုး

၁၄။ သင်္ဘောသားတို့ အလံထူထားခဲ့သော အဝတ်ပုဆိုး

၁၅။ စစ်မြေပြင်၌ အလံထူထားခဲ့သော အဝတ်ပုဆိုး

၁၆။ တောင်ပို့ကို ရစ်ပတ်၍ ယဇ်နတ်ပူဇော်ပသသောပုဆိုး

၁၇။ ရဟန်းတို့စွန့်ပစ်သောပုဆိုး

၁၈။ မင်းဘိသိက်ခံရာ၌ စွန့်ပစ်သော အဝတ်ပုဆိုး

၁၉။ ဗဟိဘိက္ခုသင်္ကန်း

၂၀။ လမ်းခရီး၌ ကျအပ်သော အဝတ်ပုဆိုး

၂၁။ သမုဒ္ဒရာလှိုင်းပုတ်၍ ကုန်းပေါ်တင်နေသော အဝတ်ပုဆိုး   .... စသည်တို့ဖြစ်ကြောင်း လေ့လာတင်ပြအပ်ပါသည်။

.
စာရေးဆရာနန္ဒမိုးကြယ်ရဲ့   သိမှတ်ဖွယ်ရာ မြန်မာ့လျှို့ဝှက်ချက်(၁၀၀)မှကောက်နှုတ်ပါသည်

No comments:

Post a Comment