Tuesday 13 November 2012

သတင်း


Posted: 12 Nov 2012 04:12 AM PST
လတ်တလောမှာ မိုးယုစံက ဒါရိုက်တာ ကျော်ဇောလင်း ရိုက်ကူးတဲ့ “ယောက္ခမ ရိုသေ အသက်ရှည်၊ ယောက္ခမရှိခိုး သွားမကျိုး” ဇာတ်ကားမှာ ပြေတီဦး၊ စိုးမြတ်သူဇာ တို့နဲ့ အတူ သရုပ်ဆောင်နေပါတယ်။ ကိုယ့်ကို ပရိသတ်တွေ သိလာတဲ့ အတွက် အောင်မြင်မှု အတိုင်းအတာလေး တစ်ခုတော့ ရလာပြီ ဖြစ်ကြောင်း၊ ဒီ့ထက်မကျဘဲနဲ့ အလုပ် တစ်ခုလုပ်ရရင် နောက် အလုပ်နှစ်ခု လုပ်နိုင်အောင် ပိုကြိုးစားရကြောင်း၊ ကိုယ့်ကိုအားပေးတဲ့ ပရိသတ်တွေ ရှိသလိုပဲ အားမပေးတဲ့ ပရိသတ်တွေ အတွက် လည်း ကိုယ့်ကို ပိုပြီးချစ်ခင်နှစ်သက်အောင် ကြိုးစားနေကြောင်း မိုးယုစံက ပြောပါတယ်။ အကယ်ဒမီ ပေးပွဲလည်း နီးလာပြီ ဖြစ်တဲ့ အတွက် အနုပညာရှင်တွေ အနေနဲ့ ဘယ်လိုဒီဇိုင်း ပုံစံတွေနဲ့ ပွဲတက်ကြမလဲ၊ အကယ်ဒမီ [...]
Posted: 12 Nov 2012 04:02 AM PST
ချစ်စနိုးဦး က အောက်တိုဘာ ၃ဝ ရက်နေ့က ဘိုဖြူတို့နဲ့ အတူ မဲဆောက်မြို့ကို ဖျော်ဖြေရေး ထွက်ခွာ သွားခဲ့တာ နိုဝင်ဘာ ၃ ရက် နေ့ မှာတော့ ပြန်လည်ရောက် ရှိလာ ပါတယ်။ ပြည်ပ ဖျော်ဖြေရေး ခရီးစဉ် အနေနဲ့ မဲဆောက် မြို့ကို ငါးပွဲမြောက် ဖျော်ဖြေခြင်း ဖြစ်ကြောင်း ပြောပါတယ်။ ဖျော်ဖြေရေး တွေမှာ ပြည်ပက ပရိသတ်တွေ အားပေးမှုနဲ့ မြန်မာပြည်က ပရိသတ်တွေ အားပေးမှု ဘာကွာခြားမှုတွေ ရှိသွားမလဲ ဆိုတာကို ချစ်စနိုးဦးက “နိုင်ငံခြားမှာကျတော့ ခဏခဏ ပွဲမလုပ်ကြဘူးလေ။ ပွဲလုပ်တဲ့ အခါကျတော့ ရှိတဲ့ မြန်မာတွေ အကုန်လုံး လာအားပေးကြပါတယ်။ ရန်ကုန်က ပရိသတ်တွေ ကျတော့ အနုပညာရှင်တွေကို အမြဲတမ်း [...]
Posted: 12 Nov 2012 03:57 AM PST
အောင်ရဲလင်းက ဒါရိုက်တာ ဝင်းထွန်းထွန်း ရိုက်ကူးတဲ့ “အချစ် Error ” ဇာတ်ကား ကို ဝတ်မှုံရွှေရည်နဲ့ သရုပ်ဆောင်နေပါတယ်။ ဒီဇာတ်ကားထဲမှာ ကောင်မလေးကို လှည့်စားသူ တစ်ယောက် အဖြစ် သရုပ်ဆောင်ထားပြီး ဇာတ်လမ်း အမြူး ပုံစံလေးနဲ့ နောက်ဆုံးမှာတော့ ဒရာမာချိုးထားကြောင်း အောင်ရဲလင်း က ပြောပါတယ် ။အောင်ရဲလင်းရဲ့သရုပ်ဆောင်ဟန်၊ စကားပြောဆိုဟန် တချို့က ရာဇာနေဝင်းနဲ့ တူတယ်လို့ ပရိသတ် တချို့က ဝေဖန် အကဲခတ်ကြပါတယ်။ အဲဒီလို ဝေဖန်မှု အပေါ် အောင်ရဲလင်း ကိုမေးတော့ “ကိုယ့်အိုက်တင်နဲ့ ကိုယ်သရုပ်ဆောင်တာပါပဲ။ တစ်ချက် တစ်ချက်တော့ တူသွားတာ ဖြစ်မှာပေါ့။ ကျွန်တော် မင်းသား အားလုံးကို ကြိုက်ပါတယ်။ ကိုသားကြီး(ဒွေး) ကိုလည်း ကြိုက်တယ်။ အကုန်လုံးကို ကြိုက်တယ်။ တစ်ယောက်တည်း ချွန်ထွက်ပြီး [...]
Posted: 12 Nov 2012 03:38 AM PST
နိုဝင်ဘာလ ၇ ရက်နေ့၊ နံနက် ၉နာရီမှ ညနေ ၅နာရီအထိ ဒိုင်းမွန်း ပလာဇာတွင် Yangon Youth Work Shop ကျင်းပခဲ့သည်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး နယ်နိမိတ် ထဲတွင် ရောက်ရှိနေပြီ ဖြစ်သော မြန်မာနိုင်ငံတွင်လည်း ကမ္ဘာနှင့် ရင်ပေါင်တန်းနိုင်ရန်၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရန် အတွက် လူငယ်များ၏ အခန်းကဏ္ဍ သည် အလွန် အရေးပါလာပြီ ဖြစ်ပါသည်။ လူငယ်များ၏ အခက်အခဲများ၊ ပြဿနာများ၊ စိတ်ကူး စိတ်သန်းများ၊ နည်းပညာ ကျွမ်းကျင်မှုများ၊ အကြံဥာဏ်များ ကို ဆွေးနွေး ဖလှယ်ပြီး လွတ်လပ်စွာ သဘောထား ကွဲလွဲပိုင်ခွင့်များ နှင့်အတူ တိုင်းပြည် အတွက် အမှန်တကယ် ထိရောက်သော အကြံဥာဏ် များကို ထုတ်ဖော် ရမည် [...]
Posted: 12 Nov 2012 03:31 AM PST
အိုင်းရင်းဇင်မာမြင့် က မကြာသေးခင်က ထွက်ရှိထားတဲ့ “ဘဝတစ်ကွေ့” အခွေမှာလည်း မြင့်မြတ်၊ ကောင်းကောင်း တို့နဲ့ အတူ ပါဝင် သီဆိုထားပြီး ပရိသတ် အားပေးမှု လည်း ရရှိခဲ့ပါတယ်။ အခုလည်း သူ့ရဲ့ တစ်ကိုယ်တော်ခွေ ဖြစ်တဲ့ “ယိမ်းလိုက်” Audio CD,VCD,DVD အတွက် စာနယ်ဇင်း ရှင်းလင်းပွဲကို အောက် တိုဘာ၂၆ရက် ၊နေ့ခင်း၁နာရီကCity Star Hotel မှာကျင်းပပြုလုပ်ခဲ့ပါတယ်။ အိုင်းရင်းဇင်မာမြင့်က သူ့ရဲ့တစ်ကိုယ် တော် အခွေနဲ့ ပတ်သက်ပြီး.. “ဒီအခွေထဲမှာ “ဘဝတစ်ကွေ့” အခွေထဲက ကိုမြင့်မြတ်နဲ့ ကိုကောင်းကောင်း တို့ကပါဝင်ကူညီ သီဆိုထားပါတယ်။ တေးရေးဆရာတွေ ကတော့ သော မတ်(စ်) ၊ မြင့်မိုးအောင်၊ ရွှေဂျော်ဂျော်၊ အောင်နိုင်စန်း၊ မေသော်၊ ကိုမျိုး PTL [...]

No comments:

Post a Comment