ဘ၀နတ်ထံပျံလွန်သွားသည်
မှာ နှစ်ပေါင်း(၆၀)ကျော်ခဲ့ပြီဖြစ် သော်လည်းယနေ့တိုင်မည်သည့်
ဆေးဝါးအကူအညီမျှမပါ မပုပ် မသိုး ဘဲ ပကတိအတိုင်းရှိနေသည့်
စွန်းလွန်းဆရာတော်ဘုရားကြီး ဦးက၀ိ ရုပ်ကလာပ်တော်နှင့်ပတ် သက်၍
အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးဧည့်သည်များ အထူး ကြည်ညိုစိတ်ဝင်စားကြသကဲ့သို့
ပြည်ပနိုင်ငံများမှ ဧည့်သည်များ ကလည်း ဆရာတော်ကြီး၏ မပုပ်
မသိုးရုပ်ကလပ်တော်အား အထူး စိတ်ဝင်စားကြောင်း စွန်းလွန်းဂူ ကျောင်း
တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“ဆရာတော်ကြီးက သက် တော်(၇၅) ၀ါတော်(၂၈)မှာ ပျံ
လွန်တော်မူခဲ့တာပါ။လက်ရှိဒီမှာ ထားရှိ ပူဇော်တာကတော့ နှစ်
(၆၀)ကျော်ပါပြီ။အနယ်နယ်အရပ် ရပ်က လူတွေ ဆရာတော်ကြီးရဲ့ ရုပ်ကလာပ်ကို
လာရောက်ဖူးမျှော် ကြည်ညိုကြသလို ပြည်တွင်းက ခရီးသွားကုမ္ပဏီတွေရဲ့အစီအစဉ်
နဲ့မြင်းခြံကိုရောက်လာတဲ့ နိုင်ငံခြား ဧည့်သည်တွေကလည်း ဆရာ
တော်ကြီးရဲ့မပုပ်မသိုးတဲ့ ရုပ် က လာပ်တော်ကို အံဖွယ်တစ်ခုလို
အရမ်းစိတ်ဝင်စားကြပါတယ်” ဟု စွန်းလွန်းကျောင်းတာဝန်ရှိသူ
ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြော ကြားသွားသည်
ဆရာတော်ကြီး၏ ရုပ်က လာပ်တော်အား လာရောက်လေ့ လာသည့် UK နိုင်ငံသား မစ္စတာ
ဘင်းဒရစ်အားHot
News သတင်း ထောက်က ဆရာတော် ကြီးရုပ်ကလပ်နှင့်ပတ်သက်၍မေး မြန်းကြည့်ရာ
““ထူးခြားတဲ့အံ့သြ ဖွယ်ရာတွေ ကမ္ဘာမှာအများကြီး ရှိပါ တယ်။ အဲဒီထဲကမှ
မြန်မာပြည် မှာက သဘာဝနဲ့ဆန့်ကျင်တဲ့ သူတော်စင်၊ သူတော်မြတ်တွေရဲ့ဆေး
အကူအညီမပါတဲ့၊ မပုပ်တဲ့ရုပ် က လာပ်တွေ အံ့သြဖွယ်ရာ တွေ့ရ ပါတယ်။
ဒီလိုမျိုးတွေကိုကျွန်တော် တို့အနေနဲ့မှတ်တမ်းယူပြီး ကမ္ဘာ မှာပြန် Share
မှာပါ””ဟု ပြော ကြားသွားသည်။
No comments:
Post a Comment