Friday 23 November 2012

နှစ် ၁၀၀ ပြက္ခဒိန်ကြည့်နည်း


နှစ် ၁၀၀ ပြက္ခဒိန် အလွယ်ကြည့်နည်းလေးပါ။ အင်တာနက်မှာ မွှေရင်းတွေ့တာပါ။ ကိုယ်ပိုင် Method မဟုတ်ပါဘူး။ ကြည့်ရတွက်ရလွယ်ပြီး တစ်မျက်နှာတည်းနဲ့လုံလောက်လို့ တင်ပေးလိုက်တာပါ။ အမြဲတမ်းအသုံးလိုရင် Print ထုတ်ပြီးသိမ်းထားလိုက်ပေါ့။ A4 ဆိုဒ်ပဲရှိပါတယ်။

ပုံလေးအရင်ကြည့်လိုက်နော်။


ကြည့်နည်းက ပုံမှာ အင်္ဂလိပ်လိုပါပြီးသားပါ။ ပိုရှင်းသွားအောင် မြန်မာလို ရေးပေးလိုက်ပါမယ်။
(၁) အရင်ဆုံး သိလိုတဲ့ နှစ်ကို ရှာလိုက်ပါ။ ၁၉၁၁ ကနေ ၂၀၂၂ ထိရှိပါတယ်။
(၂) နှစ်ကိုတွေ့ပြီဆိုရင် ဒေါင်လိုက်ဆင်းပြီး သူ့အောက်တည့်တည့်က A,B,C,D တွေပါတဲ့ ဇယားကွက်ကိုမှတ်ထားလိုက်ပါ။
(၃) သိချင်တဲ့လကို ရှာလိုက်ပါ။ အဲဒီတန်းတန်းကို အလျားလိုက်ကြည့်ပြီး စောစောကမှတ်ထားတဲ့ ဒေါင်လိုက် အတန်းနဲ့ဆုံမှတ်နေရာက A,B,C,D အက္ခရာကို မှတ်ထားလိုက်ပါ။
(၄) အဲဒီ အက္ခရာ (ဥပမာ- A ဆိုရင် ပုံမှာ ပါတဲ့ A to G ပြက္ခဒိန်တွေထဲက A ခေါင်းစဉ်အောက်က လကိုကြည့်လိုက်ပါ။ အဲဒီလမှာ ကိုယ်သိချင်တဲ့ ရက်ကိုရှာလိုက်ရင် ဘာနေ့ဆိုတာသိပါပြီ။

အဖြေမှန် မမှန်စမ်းချင်ရင်တော့ အရင်ဆုံး ကိုယ့်မွေးနေ့ကိုရှာကြည့်လိုက်ပေါ့။ရက်နဲ့နေ့နဲ့ ကိုက်မကိုက်သိရလိမ့်မယ်။ မွေးနေ့မသိရင်လည်း.. အဲပြောတက်တော့ဘူးဗျာ။ အမေ့ကိုပြန်မေးပေါ့။ နော်..

အားလုံးနားလည်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ (နားမလည်ပါက ထိုနည်းကို တီထွင်သူ Justin White ကိုသာ အပြစ်တင်ကြပါရန်) :)

မေတ္တာဖြင့်

No comments:

Post a Comment